သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 30 June 2013

မလေးရှားမှပြန်လည်ဆိုက်ရောက်လာသောမြန်မာတစ်ဦးအတွက်ခံစားချက်


 မလေးရှားမှထွက်ခွာလာပြီးမြန်မာပြည်လေဆိပ်ဆိုက်ရောက်လာစဉ်
နိုင်ငံခြားက ပြန်ရောက်လာသူတစ်ယောက်ရဲ့ ပုံရိပ်တစ်ခုပါ...
ဒီပုံလေး မြင်လိုက်ရတော့ ရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် ခံစားရပါတယ်။ အများအားဖြင့်တော့ နိုင်ငံခြားက ပြန်လာသူ ဆိုရင် 
 
လှလှပပ ကြော့ကြော့ မော့မော့ တွေကိုချည်း မြင်ဖူးကြတာ များပါလိမ့်မယ်။ သို့ပေမဲ့ နိုင်ငံရပ်ခြားမှာ ရရာ အလုပ်ကလေး လုပ်ပြီး မိမိရဲ့ မိသားစုကို ရှာဖွေ ကျွေးမွေးနေရတဲ့ သူတွေအများကြီး ရှိနေပါတယ်။ ဒီကြားထဲ ဒုက္ခတွေ အန္တရာယ်တွေ အမျိုးမျိုးနဲ့ ကြုံရသူတွေလည်း မနည်းပါဘူး။ ခုလို နည်းနဲ့တောင် အိမ်ပြန်မရောက်နိုင်ကြသူတွေ ဒုနဲ့ဒေးပါ။ ဒီလို ဆင်းရဲဒုက္ခ ခံနေရတဲ့ နိုင်ငံသားတွေ တရုတ်၊ ထိုင်း၊ မလေး စတဲ့ နိုင်ငံတွေမှာ အများကြီးပါ။ ကိုယ့်တိုင်းပြည်က အောက်ကျနောက်ကျ၊ ဆင်းရဲ မွဲတေ၊ အလုပ်အကိုင်နဲ့ ထိုက်တန်တဲ့ ဝင်ငွေ ရှာဖွေဖို့ ခက်လေတော့ မိသားစုကို ခွဲခွာလို့ တိုင်းတစ်ပါးကို ထွက်ခွာကြရသူ တွေမှာလည်း ရင်ထဲ ဘယ်ချိပါ့မလဲနော်။ မြန်မာပြည်ကြီး ဒီမိုကရေစီ ရပြီ၊ ပိတ်ဆို့တာတွေ ဖွင့်ပေးလိုက်ပြီ ဆိုတဲ့ သတင်းတွေ ကြားကြရတဲ့အခါ တိုင်းတစ်ပါးမှာ အလုပ် လုပ်နေကြတဲ့ သူတွေအားလုံး ကိုယ်ကာယကို အသုံးပြုပြီး ပင်ပင်ပန်းပန်း အလုပ် လုပ်နေကြရသူတွေ တင်မက လစာကောင်းကောင်းရပြီး အသိပညာ၊ အတတ် ပညာနဲ့ အလုပ်လုပ်နေကြသူတွေပါ “ငါတို့တိုင်းပြည်ကြီးတော့ တိုးတက်လာတော့မယ်၊ ပွင့်လင်း လာတော့မယ်၊ ငါတို့တော့ ကိုယ့်တိုင်းပြည်မှာ ပြန်ပြီး အလုပ် လုပ်ကြရတော့မဟဲ့ ” လို့ ဝမ်းသာအားရ ကြွေးကြော် ခဲ့ကြတာ နားနဲ့ဆတ်ဆတ် ကြားခဲ့ဖူးပါတယ်။ တိုင်းပြည်သာ တကယ်ကို တိုးတက်လာရင် ပြည်ပကို ရောက်နေတဲ့ သန်းနဲ့ ချီသော နိုင်ငံသားတွေရဲ့ အင်အားတွေ ပြန် ဝင်ရောက် လာကြမှာ အသေအချာပါ။ “တိုင်းပြည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်လာ၊ အဲဒီမှာ ကိုယ့်နိုင်ငံသားတွေက အလုပ်ပြန်ဝင်” တွေးကြည့်လိုက်ရင် ဘယ်လောက်များ စိတ်ချမ်းသာဖို့ ကောင်းမလဲနော်။ သို့ပေမဲ့ တိုင်းပြည်တိုးတက်ဖို့ လမ်းကြောင်းတွေ ပိတ်ဆို့ ကာဆီး ထားရင်တော့ အဲဒီ စိတ်ကူးတွေက ဘယ်မှာလာ လက်တွေ့ ဖြစ်နိုင်ပါတော့မလဲ။ တိုင်းပြည်ရဲ့ အစိုးရကလည်း တိုင်းပြည် တိုးတက်ရေး လမ်းကြောင်း တွေကို မှန်မှန်ကန်ကန် ဖော်ဆောင်၊ ကျွန်မတို့ ပြည်သူတွေ တစ်ဦးချင်း ကလည်း တိုင်းပြည် တိုးတက်ရေး လမ်းကြောင်းမှာ ပိတ်ဆို့ ကာဆီးထားသူတွေ မဖြစ်စေရဘဲ အသိစိတ် ကိုယ်စီနဲ့သာ တတ်နိုင်သမျှ အားလေးနဲ့ ဝိုင်းကူကြမယ် ဆိုရင် စိတ်ကူးယဉ်တဲ့ အတိုင်း မဖြစ်လာနိုင်စရာ ဘာများ ရှိမလဲနော်။ မိမိကိုယ်ကို သေချာ ပြန်မေးကြည့်ရအောင် ။ ကျွန်မတို့တွေဟာ ဆင်းရဲမွဲတေပြီး ကမ္ဘာ့ နိုင်ငံအလယ်မှာ မျက်နှာငယ် အောက်ကျခဲ့ရတဲ့ အချိန်တွေမျိုး ပြန်မရောက်ချင် ကြဘူး မဟုတ်လား။
နှစ်ပေါင်းများစွာ ဆင်းရဲ အောက်ကျခဲ့တဲ့ နိုင်ငံလေးကို ကမ္ဘာ့အလယ်မှာ ခေါင်းမော့ခွင့်၊ ဂုဏ်ယူဝံ့ကြွားခွင့်၊ တိုးတက်ခွင့်လေး ပေးကြပါဦးစို့လားရှင်။
ဖေ့စ်ဘုတ်မှ-
Photo credit : သက်တံ့ရောင် ပုံရိပ်များ, Nay Htet Wai

1 comment:

  1. I feel so sad for him. May his future be fine. May our country Myanmar future be fine.

    ReplyDelete

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်