သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 22 June 2013

ကမ္ဘာပေါ် တ၀ှမ်းမှ အင်တာနက် မရရှိသည့် ၅ ဘီလီယံကျော် ပြည်သူများအတွက် Google ပူဖေါင်းများကို လွှတ်တင်



ကမ္ဘာကျော် Google ကုမ္ပဏီကြီးမှ သိပ္ပံပညာရှင်များသည် ဟီလီယံ ဓာတ်ငွေ့များ ဖြည့်တင်းထားသည့် လေပူဖေါင်း ၃၀ ကို နယူးဇီလန်နိုင်ငံ ၊
တောင်ပိုင်းကျွန်းပေါ်မှ နေ၍ လွှတ်တင်ခဲ့ကြသည်။ ကမ္ဘာပေါ်တ၀ှမ်း worldwide web ဟုခေါ်သည့် အင်တာနက် မရရှိသည့် လူ ၅ ဘီလီယံကျော် အင်တာနက် ရရှိနိုင်ရန် စိတ်ကူးဖြင့် ယခုကဲ့သို့ လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ထိုသု့ Google ကုမ္ပဏီမှ အဆိုပါ Google ပူဖေါင်းများကို လွှတ်တင်လိုက်ချိန်တွင် နယူးဇီလန်နိုင်ငံ Christchurch မြို့မှ အိမ်ခြေ ၅၀ ခန့်သည် အဆိုပါ ပူဖေါင်းများမှတစ်ဆင့် အင်တာနက် ဆက်သွယ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ Google ပူဖေါင်းများကို လေထဲမှာ ၃ လခန့် ပျံသန်း လွှင့်မျောနေစေရန် စီမံထားသည်။ ဗြိတိန်နိုင်ငံ ၊ တက္ကသိုလ်မှ ကြိုးမဲ့ ကိရိယာများ ၊ ဂြိုလ်တုပညာ ကျွမ်းကျင်သူ Tim Tozer ၏ အားထုတ် ကြိုးပမ်းမှုလည်း ဖြစ်သည်။

http://news.nationalgeographic.com/news/2013/06/130618-google-balloon-wi...
MR TV 4

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်