သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 25 June 2013

အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်ငံသားခရီးသည် နှစ်ဦး ထိန်းသိမ်းခံရ



 
 
 
 
 
 
 
 
 
 
 
 
 
ညောင်ဦးမှရန်ကုန်သို့ထွက်ခွာမည့်အဲပုဂံ
 လေယာဉ်ပျံပေါ်ကိုလက်နက်ကိုင်ဆောင်ပြီးတက်ရောက်ရန်
 ကြံ ရွယ်သူ တရုတ်နိုင်ငံသားနှစ်ဦး အား လေကြောင်း
 ရဲတပ်ဖွဲ့မှူး ရုံးမှ အရေးပေါ် စစ်ဆေးဆောင် ရွက်မှုများ ပြုလုပ်ခဲ့ရကြောင်း
 လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။


ဇွန် ၂၁ ရက်က ညောင်ဦး မှ ရန်ကုန်လေဆိပ်သို့ သွားမည့် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် Mr Duan Jun နှင့် Mr. Zhang Yunqing တို့ နှစ်ဦးအနက် တစ် ဦးသည် ညောင်ဦးလေဆိပ်မှ ရန် ကုန်လေဆိပ်သို့ ထွက်ခွာမည့်အဲပုဂံ 
 လေကြောင်းလိုင်း ATR 42 Forker လေယာဉ် ထွက်ခွာ ခါနီးအချိန်တွင် ညောင်ဦး လေဆိပ်ပန်းခြံတွင် ဝှက်ထားသောအရိုးအသွားရှစ်လက်မခန့်ရှိ
 မောင်းချဓားကိုယူဆောင်ကာဝှက်ပြီး
 လေယာဉ်ပေါ်သို့
 ပြန်တက်မည်ပြုချိန်တွင် လုံခြုံရေးတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှစ်ဦးကို လေကြောင်းရဲတပ် ဖွဲ့မှူးရုံးက စစ်ဆေးကာ ရန်ကုန်သို့ ဂျေဂျေအဝေးပြေး မော်တော်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ ကြောင်း သိရသည်။လက်ရှိတွင်အဆိုပါတရုတ်နိုင်ငံသားနှစ်ဦးကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးက ဆက်လက်စောင့်ကြည့် ရန် ညွှန်ကြားထားကြောင်းသိရ သည်။

လေကြောင်း ရဲတပ်ဖွဲ့မှူး ရုံးမှတာဝန်ရှိသူက ''သူတို့ကိုစစ် ဆေးပြီးပြန်လွှတ်လိုက်တယ်။ စစ် ဆေးမှု အသေးစိတ်တော့ ပြောလို့ မရဘူး။ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးက လောလောဆယ်သူတို့ နှစ်ဦးကို ခြေရာခံစောင့် ကြည့်ဖို့ ညွှန်ကြားထားတယ်။ ဆက်လက် ဆောင်ရွက်မှုတွေလဲရှိပါတယ်။ ကျန်တာတွေကိုတော့ မှတ်ချက်ပြု ပြောလို့ မရသေးဘူး'' ဟု ပြော သည်။ ယင်းသတင်းအား အဲပုဂံ က မှန်ကန်ကြောင်း အတည်ပြု ပေး ခဲ့သည်။ အဲပုဂံဥက္ကဋ္ဌ ဦးထူးသက်ထွေးက ''သတင်းက မှန်ပါတယ်။ အဲဒီနေ့က တာဝန်ရှိသူတွေက အဲဒီ ခရီးသည်နှစ်ဦးကိုထားခဲ့လိုက်ပါ ဆိုတဲ့အတွက် သူတို့ကို ထားခဲ့ပါ တယ်။ ကျန်တာတွေကတော့ သက် ဆိုင်ရာ တာဝန်ရှိသူတွေ ဆက်လက် လုပ်ဆောင်မှာပါ''ဟု ပြော သည်။

လေယာဉ်လက်မှတ်
 ရောင်းချရေးဌာက
 မြန်မာ့လေကြောင်းမှတာဝန်ရှိသူတစ်ဦးမှ''လေယာဉ်လက်မှတ်ရောင်းချတဲ့အခါ
 မြန်မာ နိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ပဲဖြစ်ဖြစ် သေချာစစ်ဆေးပြီးမှ ရောင်းချပါတယ်။ Blicklist မှာ ပါတဲ့နိုင်ငံခြားသားတွေကိုတော့လက်မှတ်မရောင်းဘူး။ အခုလက်ရှိလေယာဉ်လက်မှတ်ရောင်းချတဲ့
 နေရာမှာလူတစ်ဦးချင်းစီရဲ့ သက်သေခံအထောက်အထားတွေကို သေချာစစ်ပြီး
 ရောင်းချပါတယ်''ဟု
 ပြောသည်။လွန်ခဲ့သောသုံးလေးနှစ်ခန့်ကလည်းရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကိုဖောက်ခွဲရန် ကြံစည်ခဲ့သူများအား သင်္ဃန်းကျွန်းရဲစခန်းမှ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

FROM-KYAW MYAT SAN

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်