Friday, 21 June 2013
လက်ထိပ်တန်းလန်းနှင့် အမျိုးသမီးအလောင်း ငဝန်မြစ်အတွင်း ပေါ်မှု ရဲ ၅ ဦးကို ဖမ်းပြီ
ဖမ်းဆီး ထိမ်းသိမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ အမှုအား ကိုင်တွယ် စစ်ဆေးနေသည့် ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်း နှင့် ဒုတပ်ကြပ် ကျော်လင်းနိုင်တို့ဖြစ်ပြီး ၎င်းတို့အား ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအတွင်း ချုပ်နှောင်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
“ကောင်မလေး သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ၅ ဦးကို တိုင်းရဲရုံးမှာ ချုပ်ထားတယ်။ တိုင်းရဲမင်းကြီး အမိန့်နဲ့ ဖမ်းတာလား၊ ရဲချုပ်အမိန့်နဲ့ ဖမ်းတာလားတော့ မသိဘူး။ ရဲဥပဒေ အရတော့ သူတို့ ရာထူးက ပြုတ်ဖို့များတယ်။ ထောင်လည်း ကျနိုင်တယ်။ လက်ရှိမှာ စခန်းမှူးကိုလည်း မြို့နယ်ရဲမှူးက ခေါ်စစ်နေတယ်” ဟု သူက ရှင်းပြသည်။
လက်ထိပ်တန်းလန်းဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာတွင် ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းနှင့်အတူ နေထိုင်သူဖြစ်ပြီး ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းမြင့်၊ ဒေါ်မြင့်မြင့်တို့ နေအိမ်မှ ရွှေထည်ပစ္စည်း ၁၀ ကျပ်သား ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ခင်ပွန်းဖြစ်သူ အဖမ်းခံခဲ့ရပြီးနောက် ၃ ရက်အကြာ ဇွန်လ ၁၁ ရက်နေ့တွင် မသန်းသန်းအေးအား သင်္ဘောကျင်း ရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များက လာရောက် ဖမ်းဆီးခဲ့သည်။
“သူ့ယောက်ျား အဖမ်းခံရတော့ ကျနော့်သမီးကို ကျနော်နေတဲ့ ထိန်ချောင်အုပ်စု လက်ပံရွာကို ခေါ်ထားတယ်။ နောက်ရက် လည်း ကျရော ရဲ ၇ ယောက်က သေနတ်တွေနဲ့ ကျနော့်တဲကို လာဝိုင်းတယ်။ ပြီးတော့ တဲထဲမှာ ရွှေတွေကို ၀င်ရှာတယ်၊ မတွေ့ဘူး။ မတွေ့တော့ ပြန်ခါနီးမှာ ကျနော့်သမီး မသန်းသန်းအေးကို ခဏ မေးစရာရှိလို့ပါ၊ ဘာမှ မဖြစ်စေရဘူး၊ ညတွင်းချင်း ပြန်ပို့ပေးပါမယ်ဆိုပြီး ဒုရဲအုပ် နိုင်အောင်ကျော်က အာမခံတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မှတ်ကလည်း တာဝန် ယူပါတယ်ဆိုလို့ သူတို့နဲ့ ထည့်ပေးလိုက်တယ်” ဟု မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းက ဧရာဝတီကို ပြောသည်။
မသန်းသန်းအေးအား ရဲများက ခေါ်ဆောင်သွားပြီးနောက် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (မြက်တိုစခန်း)၊ အမှတ် – ၁ (အသည်ကြီးစခန်း)၊ ပုသိမ်တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းတို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရွှေထည် ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ချုပ်နှောင်စစ်ဆေးခဲ့ကြောင်း ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီ ၁၇ ရက်နေ့က သပြေပင်ရွာမှာ ကောင်မလေးက ပစ္စည်းလိုက်ပြတော့ ရေငုပ်သမားတွေ ခေါ်ပြီးသွားတယ်။ ရွာ ရောက်တော့ ကောင်မလေးပြတဲ့ နေရာမှာ ငုပ်တယ်။ ရွှေထည် ပစ္စည်းတွေ မတွေ့ဘူး။ နောက်ထပ် ၂ နေရာလောက် ပြတယ်၊ ငုပ်တယ်၊ မတွေ့ဘူး။ အဲဒါနဲ့ မှောင်လာတော့ ရွာကပြန်လာကြတယ်။ ကြက်တန်းကူးတို့နား ရောက်တော့ ကောင်မလေး ခြေထောက်က ခြေကျင်းကို ညာဘက်က ကွင်းဖြုတ်ပြီး ဘယ်ဘက်မှာ ၂ ကွင်း ခတ်လိုက်တယ်။ လက်မှာက ရိုးရိုးလက်ထိပ် ၁ ကွင်း၊ ကြိုးလက်ထိပ်က ၁ ကွင်း ခတ်ထားတယ်။ အဲဒါနဲ့ ကောင်မလေးက ရဲတွေအလစ်မှာ လှေနံရံပေါ်ကနေ ရေထဲကို ပက်လက် လှန်ချလိုက်တာ လိုက်ဆွဲတာ မမီတော့ဘူး။ အဲဒါနဲ့ ရဲတွေလည်း ဒိုက်ဗင်ထိုးပြီး ရေထဲ လိုက်ဆယ်ပေမယ့် မမီတော့ဘူး” ဟု အခင်းဖြစ်ခဲ့သည့် စက်လှေပေါ်တွင် အတူလိုက်ပါ စီးနင်းခဲ့သူ ပုသိမ်မြို့တဘက်ကမ်း အမှတ် ၉ ရပ်ကွက်မှ ဆယ်အိမ်မှူး ကိုငယ်ဇော်က ပြောသည်။
၁၇ ရက်နေ့ညတွင် မသန်းသန်းအေး ရေထဲ ကျသွားသည့်ဖြစ်ရပ်အား သင်္ဘောကျင်း စခန်းမှ ရဲအရာရှိများက သက်ဆိုင်ရာ မိဘဆွေမျိုးများထံ လုံးဝ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးပြည်သိမ်းက ဆိုသည်။
“ကျနော့်သမီးကို မြက်တိုကနေ အသည်ကြီးစခန်း (အမှတ် ၁ ရဲစခန်း) ကို ရွှေ့ထားတုန်းက အချုပ်မို့လို့ ထမင်းကို နေ့တိုင်း လာပို့ပါဆိုလို့ ထမင်းနေ့တိုင်း ပို့တယ်။ ဒါပေမယ့် သမီးကိုတော့ တွေ့ခွင့်မရခဲ့ဘူး။ ၁၈ ရက်နေ့ကျတော့ သင်္ဘောကျင်း စခန်းမှာ ထမင်း လာပို့တော့ ဟိုဘက်ကမ်းက ထောင်ကြီးချုပ်ကို ပို့ထားလိုက်ပြီ၊ နောက်နေ့တွေ ထမင်း လာမပို့နဲ့တော့လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့လည်း ရွာပြန်ရောက်ရော ဘေးကနေ သူများပြောလို့ လူကိုယ်တိုင် လိုက်လာပြီးစုံစမ်းတော့မှ ကျနော့်သမီး ဆုံးပြီဆိုတာ သိတာ။ ရဲက ကျနော်တို့ဆီ လုံးဝ အကြောင်းမကြားခဲ့ပါဘူး” ဟု သူက ပြောသည်။
ဇွန် ၁၇ ရက်နေ့ ည ၇ နာရီဝန်းကျင် ခန့်က ရေနစ်သေဆုံးသွားခဲ့သည့် မသန်းသန်းအေး၏ သက်မဲ့ ခန္ဓာကိုယ်မှာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် လက်ထိပ် ၃ ခု ခတ်လျှက်သား အနေအထားဖြင့် ပြန်ပေါ်လာခဲ့ပြီး ပုသိမ်မြို့ခံများ ရာနှင့်ချီ၍ လာရောက် ကြည့်ရှုကြသည်။
ရွှေထည်ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ မသန်းသန်းအေးအား ဒုရဲအုပ် နိုင်အောင်ကျော်က ရိုက်နှက် စစ်ဆေးနေသည်ကို မြင်တွေ့ခဲ့သည့် မျက်မြင်သက်သေများ သပြေပင် ကျေးရွာတွင် ရှိကြောင်း၊ ရိုက်နှက်သည့် ဒဏ်ကို မခံနိုင်သည့် အဆုံး ယခုကဲ့သို့ ရေထဲခုန်ချ အဆုံးစီရင် သွားသည်ဟု ထင်မိကြောင်း မသန်းသန်းအေး၏ မိသားစုဝင်များက ပြောသည်။
ကွယ်လွန်သူ မသန်းသန်းအေး၏ ဖခင် ဦးပြည်သိမ်းနှင့် အစ်မဖြစ်သူ မမွှေးမွှေးဦး တို့အား ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်က ယမန်နေ့တွင် ခရိုင်ရဲရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။
“သူ အားလုံးကို စိစစ်ပေးပါ့မယ်၊ အမှန်အတိုင်း ဖြစ်စေရမယ်၊ ဥပဒေအရ အရေးယူပေးပါ့မယ်လို့ ပြောတယ်။ ကျနော့် သမီးနဲ့ ပတ်သက်လို့ ငွေကြေးတစုံတရာ ကူညီထောက်ပံ့ခြင်းတော့ မရှိပါဘူး” ဟု ဦးပြည်သိမ်းက ပြောသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်ထားမှုများ၊ မသန်းသန်းအေး၏ အမှုဖြစ်စဉ်များ သိရှိ နိုင်ရန်အတွက် ဧရာဝတီက ပုသိမ်ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးဇော်ဝင်းကျော်အား တွေ့ဆုံမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဦးဇော်ဝင်းကျော်က လက်ခံတွေ့ဆုံခြင်း မရှိပေ။
ကွယ်လွန်ခဲ့ပြီဖြစ်သည့် မသန်းသန်းအေး၏ ရုပ်အလောင်းအား ယမန်နေ့ နေ့လည် ၂ နာရီက ပုသိမ်မြို့ရှိ လူမှုကွန်ရက်များ၊ မြို့ခံများနှင့် ဂရုဏာ နာရေးကူညီမှုအသင်းတို့ ပူးပေါင်းကာ သင်္ဂြိုဟ်ကုန်း သုဿာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်။
သင်္ဘောကျင်း ရဲစခန်းမှ “ပြစ်မှုအမှတ် ၄၂/ ၂၀၁၃၊ ပုဒ်မ ၃၀၈ တို့ဖြင့်စွဲ၍ တရားခံအဖြစ် ဖမ်းဆီးခံထားရသော မအသန်း (ခ) မသန်းသန်းအေးသည် ဇွန်လ ၁၇ ရက်နေ့က ဘ၀တပါးသို့ ကူးပြောင်းသွားသည့်အတွက် ၎င်းအား ချုပ်နှောင်ထားသော အချုပ်မှ လွှတ်လိုက်သည်” ဟူ၍ အမိန့်ပြန်တမ်း ထုတ်ပေးခဲ့သော်လည်း သုဿာန်တွင် မြေချချိန်၌ ပြန်တမ်းလိုက်ပါ ရွတ်ပေးခြင်း မရှိသည့်အတွက် ပုသိမ်မြို့မှ ကွန်ရက်အဖွဲ့ဝင် တဦးက ပြန်တမ်းကို ဖတ်ကြားပေးခဲ့ရသည်။
လက်ရှိတွင် မသန်းသန်းအေး၏ ခင်ပွန်း ကိုနန်းဝင်းအား ပုသိမ်မြို့ရှိ ထောင်ကြီးချုပ်တွင် ချုပ်နှောင်ထားပြီး ယခုလ ၂၅ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
irrawaddy
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1583)
-
▼
June
(247)
- တရားအားထုတ်ဘို့ စခန်းခေါ်တာ-ခင်ပွန်းသည်ကရဲစခန်းထင်လ...
- မလေးရှားမှပြန်လည်ဆိုက်ရောက်လာသောမြန်မာတစ်ဦးအတွက်ခ...
- ရန်ပွဲ ဖြစ်ခဲ့ရတဲ့ မိန်းမလျာ အလှပြိုင်ပွဲ ဗီဒီယို ...
- ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးတစ်လုံး ပေါက်ကွဲ...
- မလေးရှားနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၂၂၈ ဦ...
- ရှမ်းလူမျိုး၂ဦးအား KIA အဖွဲမှ ရက်ရက်စက်စက်သတ်ဖြတ်...
- ထိခိုက် ဒဏ် ရာရရှိပြီး မ လေးရှားမှပြန်လည်ရောက် ရှိ...
- ပြင်ဦးလွင်မြို့ ဗုံးပေါက်ကွဲမှုတခု
- မြန်မာ တစ်နိုင်ငံလုံးတွင် ဘင်္ဂါလီ မွတ်စလင်ဦးရေ ၁ ဒ...
- ကွန်ပျူတာနှင့် ပတ်သက်ပြီး သတိမထားမိသော အချက်လေးများ
- တရုတ် အာကာသယာဉ်မှူးများ ကမ္ဘာမြေပြင်သို့ ပြန်ဆင်းလာ...
- မလေးရှားနိုင်ငံတွင် မလေးရဲယောင်ဆောင်မြန်မာတစ်ဦး ဖမ...
- အုန်းသီးအစိမ်းတစ်လုံးအစွမ်းထက်အသုံးဝင်ပုံ
- ဟင်.....အားလုံးရှုပ်နေတာပဲ????????`````~~~~~
- အွန်လိုင်းမှကာတွန်းရသအတွေးတစ်ခု
- မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် အရေးယူခံရသည့် သရု...
- ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော...
- သားသမီးပေါ်ညှာတာမှု့ မရှိနည်းလမ်းမကျထိမ်းသိမ်းရက်စက...
- ရန်ကုန်မြို့ကမ်းနားလမ်းတွင် ရေနံများထွက်ရှိ
- ဦးသိန်းစိန်သာ လာမည့် သက်တမ်း ပြန်အရွေးခံရပါက အားကေ...
- ကောလဟာလသတင်းနှင့် မိမိဘာသာကိုလူမျိုးကိုဘယ်လိုထိမ်း...
- ဒေါ်အောင်ဆန်းကြည်ကို အသရေဖျက်တဲ့ ဗွီဒီယို ပြသမှုကြော...
- အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလည်း
- နော်ဝေမှ Telenor နှင့် ကာတာမှ Ooredoo တို့ မြန်မာ့...
- အိုလံပစ်နေ့ အကြို အမျိုးသား ကာယ ဗလ ပြိုင်ပွဲ နှင့်...
- သီတဂူဆရာတော်ဘုရားကြီးမှ မလေးရှားနိုင်ငံတွင်းရှိမြန...
- “ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ...
- ထူးဆန်းတဲ့ လျှပ်စစ်နည်းပညာပါ-သောမတ်အက်ဒီဆင်တောင်အဘ...
- ပေါက်ပေါက်ရှာရှာ အလေးချိန်၁၀ပိသာလောက်ရှိတဲ့ ရှေးေ...
- တစ်လတာ ကာလအတွင်း မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်...
- “ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ...
- မြန်မာနိုင်ငံမှာ Facebook ကိုဘယ်သူတွေဘယ်လို သုံးလဲ?
- Facebook ပေါ်တွင် ဗုဒ္ဓဘာသာအား သေးသိမ်အောင် ဘာသာရေး ...
- အလင်းရောင်ကြယ်များဘလောက်မှာအခုကဲ့ သို့ လာရောက်ဆဲဆိ...
- ၂ဝ၁၃ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး၊ စီး...
- အင်တာနက်ပေါ်မှတွေ့ ရှိရသောဦးဝီရသူ အားရေးသောတိုင်းမ်...
- ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နော...
- လက်ထိပ်တန်းလန်းဖြင့် သေဆုံးခဲ့သူ၏ ခင်ပွန်း အချုပ်ခ...
- ဖေ့စ်ဘုတ်မှတွေ့ ရသောကျောက်ဖြူ - ကူမင်း ရေနံပိုက်လိ...
- ဖခင်ဖြစ်သူကိုယ် တရားရုံးမှ ဖမ်းဝရမ်းထုတ်ဆင့်သည့်အတ...
- ဆွမ်းစားပြန် သံဃာများ စီးလာသည့်ယာဉ် ပေ၂၀၀ကျော် ချေ...
- လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ
- မင်းသမီး ဓာတ်ပုံကို အင်းချမီးရှို့ရာကနေ စတဲ့ဇာတ်လမ်...
- ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြေ...
- အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်င...
- ပုဇွန်တောင်ချောင်း အတွင်း ငမိုးရိပ်မိချောင်း တစ်ကေ...
- ၂၀၁၃ -၂၀၁၄ ပညာသင်နှစ် ကျောင်းသားကျောင်းသူများ ပညာသ...
- ဒါတို့တိုင်းတို့ပြည် တို့မြန်မာပြည် ဒါတို့တိုင်းတ...
- မလေးရှားရောက် သီတဂူဆရာတော်ကြီးရဲ.မျိုးချစ်စိတ်မေတ္တာ
- နေပြည်တော် ကျောက်ပြပွဲ သိန်းနှစ်ထောင်တန် စိန်ဘယက် ...
- တိုင်းမ်မဂ္ဂဇင်းကို သမ္မတရုံး ဘာကြောင့် ကန့်ကွက်ရလဲ
- မင်းသမီးကြီး ဝါဝါဝင်းရွှေ ဆုထူးပန်တာဝါကို Fatherlan...
- Miss Diamond Queen 2013 ပြိုင်ပွဲသို့ အမျိုးသားမှ ...
- ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းအား...
- မလေးရှားနိုင်ငံ၌ အသတ်ခံခဲ့ရသည့် ကိုဇော်ဝင်းထိုက် ရ...
- မျိုးစောင့် ဥပဒေကို ပိတ်ပင်တဲ့ မဇင်မာအောင် ဘာလဲ ဘယ်လဲ
- ၅မိနစ်လောက်အချိန်ပေးပြီးဖတ်ကြည့်ပါ
- " လူလိမ်လူညာများ ဖွင့်လှစ်ထားသော Aroma Zulu Studio...
- မလေးရှားရောက်မြန်မာများအတွက်-စိတ်ပျက်စရာ မြန်မာအေး...
- မိုက်မဲသောမိန်းခလေးအကြောင်း
- ဒီတစ်သက် ဘယ်တော့မှ မလေးကို ပြန်မသွားတော့ဘူးဟု မလေး...
- မြန်မာလုပ်သား ၂၀ ဦးနှင့် ဒုက္ခသည် ၆၅ ဦး မြန်မာပြည်သ...
- “ ဒကာမကြီးဒေါ်ရွှေဇီးကွက်သို့..အိပ်ဖွင့်ပေးစာ ”
- ဟောဒီမှာလာပြန်ပြီတစ်ခု-မသိသကျော်သွား သိသူဖေါ်စား ရ...
- ကြာဇံဟင်းခါးနှင့် ရှောက်သီးသုတ်လုပ်စားမယ်-သို့ -စီ...
- ဒီတစ်ခါသူဘာပြောလည်းနားဆင်ကြည့် ပါ- ဒေါ်အောင်ဆန်းစြု...
- မြန်မာပြည်ကျေးလက်တောရွာမှမိဘများတစ်ချို့ မိမိရင်ေ...
- ဘယ်လ်ဂျီယမ်နိုင်ငံမှကလေးအမေ ကလေး ( ၁၁ နှစ်သမီး အရွ...
- ဒီနေ့ ၂၃-၆-၂၀၁၃ အင်ဒိုနီးရှားတောမီးလောင်မှမီးခိုးေ...
- ထူးထူးခြားခြားထောင်ကို ခြင်ထောင် မှတ်သူတဲ့ လူသား
- သတင်းတွေဖတ်ရတာများလာတော့ ပျင်းမှာစိုးလို့ -ကိုကိုတ...
- ကမ္ဘာပေါ် တ၀ှမ်းမှ အင်တာနက် မရရှိသည့် ၅ ဘီလီယံကျော် ...
- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသော မူးယစ...
- ထူးခြားဆန်းပြားမြန်မာပြည်မှအရပ်ရှည်သောလူသား
- ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါ (တိုက်ရိုက် ဘာသာ...
- ၂၉ ထပ်တိုက်ဆောက်ဖို့ ပန်းခြံကို သိမ်းပြီ
- တိုင်းမ်းမဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါး ရေးသားချက် ဆ...
- ကရင်ပြည်နယ်ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှ ထွက်သော...
- ခန့်မှန်း ပျူခတ်လက်ရာ ရွေ ၁၆ကျပ်သား လက်ကောက်တွေ့ရှိ
- လှချင်၍ ဆံပင်ဆေးဆိုးရာမှ မျက်လုံးကွယ်၍ မျက်နှာအလှပ...
- လူသားခြင်းမစာနာနိပ်စက်တဲ့ ---သွားလေအုန်းတော့ မမေဇွ...
- မလေးရှားရှိ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေ...
- သူလေးလည်း အနုပညာနဲ့ အိမ်ထောင်ရေး လဲလှယ်ပြီ
- လက်ထိပ်တန်းလန်းနှင့် အမျိုးသမီးအလောင်း ငဝန်မြစ်အတွ...
- ကျည်ဆန်ခွံများဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတေ...
- မလေးရှားရှိ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေ...
- မလေးရှားနိုင်ငံ၌ စာချုပ်ဖြင့် လုပ်ကိုင်နေရသော မြန်...
- မလေး၌ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသူကိုထွန်းမော်သိန်း...
- မလေးရှားကိုနောက်ထပ်မြန်မာအလုပ်သမားပို့ ရန်မြန်မာပြ...
- မြန်မာနှိုင်ငံရဲ့ တချို့ ဥပဒေမဲ့ရက်စက်ယုတ်မာမှူ့...
- UWSA “ ၀” အဖွဲ့မှ မြေထိုးစက်ဖြင့် ရှမ်းတိုင်းရင်းသ...
- သရုပ်ဆောင် မေဇွန်ကို လူသတ်မှုဖြင့် ထောင်ဒဏ် ၉နှစ်ကေ...
- မြန်မာ အလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုတွ...
- မလေးရှားနိုင်ငံနှင့်  မြန်မာနိုင်ငံ ပျံသန်းမှု့ လေေ...
- မလေးရှားမှမြန်မာပြည်သို့ ပြန်လိုသူများအတွက်သတင်းတိ...
- ရှာဖွေရန်လွယ်ကူပြီးစားလို့ လည်းရဆေးဘက်လည်းဝင်လူတို...
- မြန်မာနိုင်ငံသား ၁ဝဝ ကျော် ထိုင်းနယ်စပ်မှာ အဖမ်းခံရ
- မလေးရှားကန့် ထဲကိုအိုဗာစတေးနဲ့ အဖမ်းခံရောက်နေရတဲ့ ...
- တောင်ကြီးမှ ပထမတန်းကျောင်းသူ ၀ါယာကြိုးဖြင့်အရိုက်ခ...
- မလေး ရှား ရှိ တရား မဝင်မြန်မာ လုပ်သား အား လုံး တရာ...
-
▼
June
(247)
No comments:
Post a Comment