သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 26 June 2013

ဖေ့စ်ဘုတ်မှတွေ့ ရသောကျောက်ဖြူ - ကူမင်း ရေနံပိုက်လိုင်းအကြောင်း(ဟုတ်၏မဟုတ်၏)


 

ကျောက်ဖြူ - ကူမင်း ရေနံပိုက်လိုင်းကတော့ လူမသိ သူမသိ ဖောက်လုပ်ပြီးစီးသွားခဲ့ပါပြီ...... အစမ်းပို့လွှတ်မှုပြုမယ့် ပီးခဲ့တဲ့ မေလ မတိုင်ခင်ကတည်းက ဒီကိစ္စကို သတိပေးခဲ့ပေမယ့်လည်း စိတ်ဝင်စားမှု နည်းပါးစွာနဲ့ အွန်လိုင်းမှ ပျောက်ခဲ့ရပါတယ်...... ကျောက်ဖြူ - ကူမင်း စီမံကိန်းဟာ ရေနံပိုက်လိုင်း၊ ဂက်စ် ပိုက်လိုင်းသာမကပဲ ယှဉ်တွဲလျက် ကားလမ်း၊ ရထားလမ်းလည်း ပါဝင်နေတာကို သတိပြုမိဖို့ လိုပါတယ်......

စွမ်းအင် ဆာလောင်မှု ဖြစ်နေတဲ့ တရုတ်ကြီးအနေနဲ့ မလ္လက္ကာ ရေလက်ကြားက ဖြတ်သယ်နေရမယ့် သူ့စွမ်းအင်တွေအပါအဝင် အခြားသော ကုန်သွယ်မှု လမ်းကြောင်းတွေကို ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကနေ သူ့နိုင်ငံထဲ အမြန်ဆုံးရောက်ဖို့ သို့မဟုတ် သူ့နိုင်ငံတွင်းကနေ ကျောက်ဖြူရေနက် ဆိပ်ကမ်းမှာရှိတဲ့ သူ့ရဲ့ ကုန်တင် သင်္ဘောတွေအပေါ် အမြန်ဆုံးရောက်ဖို့ ရထားလမ်းကိုလည်း အမြန်ဆုံး ဖောက်လုပ်သွားမယ့် အလားအလာ ရှိပါတယ်......

အဆိုပါ ရထားလမ်း ဖောက်လုပ်ခြင်းနဲ့ စပ်လျဉ်းပြီး အရေးအကြီးဆုံးကတော့ ရထားလမ်းအကျယ်ပဲ ဖြစ်ပါတယ်..... မြန်မာက အသုံးပြုတဲ့ မီးရထားသံလမ်းအကျယ်ဟာ 1,000 mm (3 ft 3 3⁄8 in) ဖြစ်ပြီးတော့ တရုတ်နိုင်ငံက အသုံးပြုတဲ့ မီးရထားသံလမ်း အကျယ်က 1,435 mm (4 ft 8 1⁄2 in) ဖြစ်ပါတယ်...... ဒါကြောင့် အဆိုပါ ဖောက်လုပ်မယ့် မီးရထားသံလမ်းအကျယ်ကို တရုတ်နိုင်ငံရဲ့ စံနှုန်းနဲ့ မဖောက်လုပ်ပဲ မြန်မာနိုင်ငံရဲ့ စံနှုန်းနဲ့ ဖောက်လုပ်ရန် လွန်စွာ အရေးကြီးပါတယ်......

မြန်မာနိုင်ငံမှာ တောင်နဲ့မြောက် သွယ်တန်းထားတဲ့ မီးရထားလမ်း ရှိပေမယ့် အရှေ့အနောက် သွယ်တန်းထားတဲ့ မီးရထားလမ်း မရှိပါဘူး..... ဒါကြောင့် ကျောက်ဖြူ - ကူမင်း ရေနံပိုက်လိုင်းနဲ့ တွဲလျက်ဖြစ်လာမယ့် မီးရထားလမ်းကို မြန်မာ့မီးရထားတွေပါ အချိန်မရွေး သွားလာခုတ်မောင်းနိုင်မယ့် မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ သံလမ်းအကျယ် 1,000 mm (3 ft 3 3⁄8 in) ကို သတ်မှတ်ထားရမှာဖြစ်ပါတယ်...... ထို့အတူ တရုတ်ဘက်မှ တစ်နေ့ ရထားဖြတ်ချိန် အချိန်ဇယား သတ်သတ်မှတ်မှတ် ထားသင့်ပါတယ်....

ကုန်တင်ကုန်ချ အပြောင်းအလဲနဲ့ ပါတ်သက်ပြီး တရုတ် - မြန်မာ နယ်စပ်မှာ စခန်းများဆောက်ပြီး ကုန်စည်လွှဲပြောင်းသယ်ယူမှုကို လုပ်ကိုင်ဖို့ လိုပါတယ်..... ထို့အတူ မြန်မာ့ မီးရထားများမှလည်း အဆိုပါ ရထားလမ်းပေါ်မှာ ပြေးဆွဲနိုင်ရန် အချိန်ဇယား သတ်မှတ်ပြေးဆွဲရပါမယ်...... သို့မှသာ အရှေ့အနောက် ကုန်စည် စီးဆင်းမှု မြန်ဆန်ပြီး မြန်မာနိုင်ငံကို ခါးလယ်က ပိုင်းထားတဲ့ ရထားလမ်းဟာ မြန်မာတွေအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးရမှာ ဖြစ်ပါတယ်.....

အဆိုပါ ရထားလမ်းကို တရုတ်သံလမ်းအကျယ်အတိုင်း ဖောက်လုပ်ခြင်းအားဖြင့် အဓိက ဆိုးကျိုးကတော့ လုံခြုံရေး ရှုဒေါင့်ကပဲ ဖြစ်ပါတယ်..... တရုတ်နိုင်ငံတွင်းက ရထားတွေ မြန်မာနိုင်ငံတွင်းကို အချိန်မရွေး ဝင်လာလို့ရတဲ့အတွက် တရုတ်စစ်သား၊ လက်နက်တွေ တင်ဆောင်ထားတဲ့ ရထားတစ်စင်း မြန်မာနိုင်ငံထဲကို ဝင်ရောက်လာခဲ့သော် ဆိုတဲ့အတွေးဟာ အတော်လေး ကျောခြမ်းစရာ ကိစ္စဖြစ်ပါတယ်...... ဒါကြောင့် အဆိုပါ ရထားလမ်းကို ဖော်ဆောင်မယ့် တာဝန်ရှိသူတွေအနေနဲ့ သေသေခြာခြာ စဉ်းစားဆုံးဖြတ်ဖို့ လိုပါလိမ့်မယ်......

ထပ်ပြီးပြောပါရစေ...... မြန်မာ့မြေပေါ်က ဖြတ်သန်းသွားမယ့် မီးရထားလမ်းမှာ မြန်မာပြည်က မီးရထားမှန်သမျှ မောင်းလို့ရရန် လိုအပ်ပါတယ်......
— withဖေ့စ်ဘုတ်မှ-သတင်းတို

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်