သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 29 June 2013

တရုတ် အာကာသယာဉ်မှူးများ ကမ္ဘာမြေပြင်သို့ ပြန်ဆင်းလာကြပြီ



တရုတ်အာကသယာဉ်မှူး ၃ဦးလိုက်ပါလာသည့်  Shenzhou 10 အာကာသယာဉ်သည် အာကာသအတွင်း ၁၅ ရက်ကြာ အထူးလုပ်ငန်းတာဝန်များ
ထမ်းဆောင်ပြီးနောက် ဘေးကင်းလုံခြုံစွာဖြင့် ကမ္ဘာမြေပြင် ပေါ်သို့ ဇွန်လ ၂၆ ရက်နေ့က တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြင်ခင်းပြင်ပေါ် သို့ ပြန်လည်ဆင်းသက်လာခဲ့ ကြောင်း သိရှိရသည်။


အာကာသယာဉ်မှူး ၃ ဦးသည် ဇွန်လ ၁၁ ရက်နေ့တွင်  အာကာသ ယာဉ်ဖြင့် အာကာသ ပတ်လမ်းအတွင်းရှိ Tiangong (Heavenly Palace) 1အာကာသဓာတ်ခွဲခန်း  သို့ သွားရောက်ကာ သိပ္ပံဆိုင်ရာလက်တွေ့ စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ကြသည်။

ထို့ပြင် အမျိုးသမီး အာကာသယာဉ်မှူး မှ ကမ္ဘာမြေပေါ်ရှိ ကျောင်းသား၊ကျောင်းသူများအား ဗွီဒီယိုမှတစ်ဆင့် သိပ္ပံလက်တွေ့သင်ခန်းစာများကိုသင်ကြားပေးခဲ့သည်။ အဆိုပါ အာကာသယာဉ်ပေါ်တွင် အာကာသယာဉ်မှူးအဖြစ် Nie Haisheng ၊ Zhang Xiaoguang နှင့်အမျိုးသမီး အာကာသ ယာဉ်မှူး Wang Yaping  တို့ ပြန်လည်လိုက်ပါလာခဲ့သည်။
MR T.V-4

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်