သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 30 June 2013

မြန်မာ တစ်နိုင်ငံလုံးတွင် ဘင်္ဂါလီ မွတ်စလင်ဦးရေ ၁ ဒသမ ၃၃ သန်းရှိပြီး ရခိုင်ပြည်နယ် တစ်ခုတည်းတွင် ၁ ဒသမ ၀၈ သန်းရှိ


လက်ရှိ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ဘင်္ဂါလီ မွတ်စလင်ဦးရေ ၁ ဒသမ ၃၃ သန်းရှိပြီး ရခိုင်ပြည်နယ် တစ်ခုတည်းတွင် ၁ ဒသမ ၀၈ သန်းရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားသည်။


မီဒီယာ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် သတင်းထောက် တစ်ဦးက လက်ရှိပြည်တွင်းရှိ ဘင်္ဂါလီ မွတ်စလင် အရေအတွက် မည်မျှရှိကြောင်း မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက "နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့တိုင်း လူဦးရေစာရင်း ထုတ်ပြန်လေ့ ရှိပါတယ်။ နောက်ဆုံး ၂၀၁၂ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ လူဦးရေ ၆၀ ဒသမ ၉၈ သန်းလို့ ထုတ်ပြန်ထားပါတယ်။

ယနေ့ကောက်ထားတဲ့ အခြေအနေအရ မြန်မာပြည် တစ်ပြည်လုံးမှာ ဘင်္ဂါလီ မွတ်စလင်ဦးရေ ၁ ဒသမ ၃၃ မီလျံ ရှိပါတယ်။ ရခိုင်တစ်ခုတည်းမှာ ၁ ဒသမ ၀၈ မီလျံ ရှိပါတယ်။ ဒါလက်ရှိ စာရင်းအရပါ" ဟု ပြောကြားသည်။

နောက်ဆုံး ၂၀၁၂ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ လူဦးရေ ၆၀ ဒသမ ၉၈ သန်းလို့ ထုတ်ပြန်ထားပါတယ်။ ယနေ့ကောက်ထားတဲ့ အခြေအနေအရ မြန်မာပြည် တစ်ပြည်လုံးမှာ ဘင်္ဂါလီ မွတ်စလင်ဦးရေ ၁ ဒသမ ၃၃ မီလျံ ရှိပါတယ်။ ရခိုင်တစ်ခုတည်းမှာ ၁ ဒသမ ၀၈ မီလျံ ရှိပါတယ်။

ဒါလက်ရှိ စာရင်းအရပါ . . . . .
ရခိုင်ဒေသရှိ ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ Criterial များနှင့် ကိုက်ညီပါက သတ်မှတ်ထားသည့် ကတ်ပြားတစ်ခုခု ရရှိမှာဖြစ်ကြောင်း ဦးခင်ရီက ဆက်လက်ပြောကြားသည်။

ယခုလာမည့် ရွေးကောက်ပွဲတွင် အဆိုပါ ကတ်ပြားတစ်ခုခု ရရှိထားသည့် ဘင်္ဂါလီများ အနေဖြင့် မဲပေးခွင့် ရှိ၊ မရှိ ဆိုသည်မှာ ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက် အပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထိုသို့ အစိုးရမှ တရားဝင် ထုတ်ပြန်ခဲ့သည့် ဘင်္ဂါလီ မွတ်စလင် လူဦးရေ စာရင်းအရ မြန်မာနိုင်ငံ အတွင်းရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူဦးရေသည် ယခင်ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ လူဦးရေ၏ လေးရာခိုင်နှုန်းမျှ ရှိသည်ဆိုသည့် ပမာဏထက် ပိုမိုများပြားနိုင်ဖွယ် ရှိနေကြောင်း သုံးသပ်နေကြသည်။

Eleven Media Group

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်