သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 30 June 2013

ပြင်ဦးလွင်မြို့ ဗုံးပေါက်ကွဲမှုတခု



 ရပ်ထားတဲ့ ဆိုင်ကယ်တစီးက ဗုံးပေါက်ကွဲမှုတခု ပြင်ဦးလွင်မြို့ မန္တလေး- လားရှိုးလမ်းမကြီးအနီး နေမင်းဂျုံစက်နဲ့ mother love မူကြိုကျောင်းရှေမှာ

 
 ဇွန် ၂၉ ရက် နေ့လည် ၁ နာရီ ခွဲ ၀န်းကျင်က ဖြစ်ပွား။ ဗိုလ်လောင်း တဦး ၊တပ်ကြပ်ကြီးစာရေး တဦးနဲ့ အနီးရှိ အမျိုးသမီးတဥင်္ီးတို့ ထိခိုက်ဒဏ်ရာ ရရှိ။ ဗိုလ်လောင်းမှာ ဒဏ်ရာ ပြင်းပေမယ့် စိုးရိမ်ရခြင်းမရှိကြောင်း သတင်းရရှိ။
DVB

--------------------------------------------------------------------------
 ပြင်ဦးလွင်မြို့လယ်တွင်ယနေ့နေ့လယ် ၁နာရီခွဲခန့်ကပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသခံများထံမှသိရသည်။ပြင်ဦးလွင်မြို့ လားရှိုး-မန္တလေးလမ်းနှင့် ၈ပေခန့်အကွာ ဈေးလေးအနီးနေမင်းဂျုံစက်အရှေ့ဘက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တွင်ကပ်ထားသည့် ဗုံးမှ ပေါက်ကွဲသည်ဟု ယူဆရကြောင်း၊ပေါက်ကွဲမှုကြောင့် တပ်ကြပ်ကြီးတစ်ဦးနှင့် ဗိုလ်လောင်းသင်တန်းသားတစ်ဦးထိခိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်မှာ ရစရာမရှိအောင် စုတ်ပျက်သွားကြောင်းမျက်မြင်တွေ့ရှိသူများက ပြောသည်။"အုန်းအသံကျယ်ကြီးကြားရတယ်။ ကျွန်တော့်ရှေ့တင်ဖြစ်သွားတာ။ထိခိုက်သူတွေကို လူနာတင်ကားနဲ့ခေါ်သွားတာတွေ့တယ်။ ဗုံးက ဆိုင်ကယ်မှာကပ်ထားပုံရတယ်။ တခြားထိခိုက်တာတော့မတွေ့ဘူး။ တပ်ကြပ်ကြီးက နောက်စေ့ကိုထိသွားတာတွေ့တယ် ဟုပြင်ဦးလွင်ဒေသခံ ကိုနေမျိုးက ပြောသည်။ဖိုးလပြည့် 
Popular Myanmar

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်