
ဒီနေ့ မြန်မာနိုင်ငံသားတွေကို ထိန်းသိမ်းထားတဲ့ စမုန်ညင်း ထိန်းသိမ်းရေးစခန်းကိုရောက်တယ်။
ထိန်းသိမ်းရေးစခန်းတွေဟာ ၀င်ဖို့ခက်ပေမယ့် သံရုံးအကူအညီနဲ့
ရောက်ဖြစ်ခဲ့တယ်။ ထိန်းသိမ်း ရေးစခန်းက မြင်ကွင်းတွေ၊ အဖြစ်အပျက်တွေဟာ
ရင်နင့်စရာ၊ ကြေကွဲစရာ၊ ၀မ်းနည်းစရာ၊ သနားစရာကောင်းလှပါတယ်။ ခင်ဗျားတို့ကို
ကျွန်တော်တို့မြန်မာပြည်ကြီးက ရင်ဖွင့်ကြိုဆိုနေတယ်လို့
ကျွန်တော်ပြောလိုက်တော့ တော်တော်များများက လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ မြန်မာပြည်မပြန်ဘူး၊ UN Card လျှောက်မယ်ဆိုတဲ့မြန်မာနိုင်ငံသားတွေ တော်တော်များတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စကားပြောပြီး တော့ မြန်မာပြည်ပြန်မယ့်လူတော်တော်များလားတယ်။ ၀မ်းသာအားရစရာပါ။ သူတို့ရဲ့ CI ပုံစံတွေကို ကျွန်တော်တို့ကိုယ်တိုင်ဖြည့်ပေးခဲ့တယ်။ လောလောဆယ်အမှုရင်ဆိုင်နေရတဲ့သူတွေနဲ့
အမျိုးသမီးတွေ အတွက် ရင်းဂစ်(၄၆၀၀)ကို သူတို့အကောင့်တွေ ထဲထည့်ပေးခဲ့တယ်။
အဲဒီက အကြောင်းတွေကို ပြန်ပြောရရင် ၀တ္ထုတစ်ပုဒ် ရေးလို့တောင်ပြီးမယ်မထင်ဘူး။ ဘာပဲဖြစ်ဖြစ် Camp ကိုရောက်တာရယ်၊ သူတို့ကို အားပေးစကားပြောနိုင်ခဲ့တာရယ်၊ သူတို့ထဲက တော်တော်များများက ပြန်မယ်ဆိုတာ ရယ်ကြောင့် အားတက်မိတယ်။ Camp ရဲ့အရာရှိချုပ်က လေယာဉ်လက်မှတ်ဘယ်သူပေးမှာလဲလို့မေးတော့ ငါတို့ဆီကသူဌေး ဦးဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းကလှုမှာဆိုတော့ အဲဒီအရာရှိက AFC အမှုဆောင်ကော်မတီ ၀င်ဦးဇော်ဇော်လားလို့ပြန်မေးတယ်။ နောက်တော့ တော်တော်လေးလေးစားစားဆက်ဆံတယ်။
လှုမှာ၊တခြား Camp တွေက ပြန်ချင်တဲ့လူတွေဆီကိုလည်း သွားပြီး
စာရင်းကောက်မယ်။ ဦးဇော်ဇော်ကတော့ ပြန်ချင်တဲ့လူ များရင်
လေယာဉ်စီးလုံးသာငှားပြီးတင်လို့
ပြောတယ်။ ၀မ်းသာစရာပါပဲ။ ကျွန်တော် Camp ကပြန်မထွက်ခင် မှာ သူတို့ဆီက
လုံခြုံရေးအရာရှိဆိုတဲ့ မျက်နှာထားဆိုးဆိုးနဲ့ လူကို
ငါတို့နိုင်ငံသားတွေကို တတ်နိုင်သလောက် စောင့်ရှောက်ပါလို့ပြောလိုက်တော့ သူနည်းနည်းပြုံးလာပြီး ငါအတတ်နိုင်ဆုံးစောင့်ရှောက် ပါမယ်လို့ ပြန်ဖြေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံသားတွေကိုတော့ သူတို့ ပစ်စလက်ခတ်လုပ်ဖို့ နည်းနည်းစိုးရွံလာမယ်လို့မြင်တယ်။
No comments:
Post a Comment