သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 22 June 2013

ထူးထူးခြားခြားထောင်ကို ခြင်ထောင် မှတ်သူတဲ့ လူသား




မြန်မာစကားတွင်ရှိသည် ..အမေကမွေး..ထောင်ကကြွေး ဆိုသောစကား ....ထောင်ကိုခြင်ထောင်မှတ်ပါလို. ဆိုသော စကား တကယ်တော. လောကတွင် ထောင်နှစ်ရှည် ကျသူများသာကြားဖူးသော်လည်း ထောင်အကြိမ်အရေအတွက်များများကျသူကိုတော. အကြိမ် ဆယ်ဂဏန်းမျှသာ ကြားဖူးသည်.....သို.သော် ဤ ပုဂ္ဂိုလ်မူ ကား


အမေရိကန်ပြည်ထောင်စု အရှေ့  အလယ်ပိုင်း Kentucky ပြည်နယ် Lexington မြို့ မှ နေထိုင်သူ Henry Earl အမည်ရ အမျိုးသား တစ်ဦး ဖြစ် ပါတယ်။
ခုတော့ သူ့အသက်က ၆၃ နှစ်ကျော်သွားပါပြီ။ ၁၉၉၂ ခုနှစ်ကနေ ယနေ့ အထိ ထောင်ကို အိမ်ဦး နဲ့ ခေါင်းရင်း လိုပဲ သွားနေရသူ ဖြစ်ပါတယ်။ သူ ရဲအဖမ်းခံရတဲ့ အကြိမ်အရေအတွက်က ၁၉၉၂ ခုနှစ် ကနေ ၂၀၀၂ ခုနှစ် အထိကို အကြိမ် ၁၀၀၀ ရှိပြီး ၂၀၁၁ ခုနှစ်အထိဆိုရင် အကြိမ် ၁၃၃၃ ကျော် လွန်သွား ပါ တယ်။ သူ့ရဲ့  ပြစ်မှု အများစုကတော့ အရက်သေ စာ သောက်စား မှုနဲ့ ဆက်စပ်တဲ့ အမှုများ ဖြစ်ပြီး လူသတ် တာမျိုး၊ ခိုးတာမျိုးတို့ လုံးဝ မရှိပါ ဘူး။

ဒီတော့ သူ့ရဲ့  တစ်နှစ်တာ ထောင်ထဲမှာ နေရတဲ့ နေ့ရက်ကို ပျှမ်းမျှ တွက်လိုက်ရင် ၂၄၅ ရက်ရှိပါတယ်။ တစ်နှစ်မှာ ၃၆၅ ရက်ပဲ ရှိတာ ၂၄၅ ရက်က ထောင်ထဲမှာ ဖြစ်ပြီး သူအေးဆေးနေတဲ့ နေ့က တစ်နှစ်မှာ ၂ ရက်ပဲ ရှိပါတယ်။ ကျန်တဲ့နေ့တွေကတော့ အရက်မူးလို့ ရမ်းကားရတာနဲ့၊ ရဲဖမ်းလို့ ရဲစခန်းရောက်ရတာနဲ့၊ အမူရင်ဆိုင်ရတာနဲ့ လုံးချာလိုက်ပါ တယ်။ ထောင်ထဲ မှာတောင် အထပ်ထပ်အကြိမ်ကြိမ် အဖမ်းခံ ရသူ ဖြစ် ပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာ အကြိမ်အရေအတွက်အများဆုံး အဖမ်းဆံရသူ အဖြစ် စံချိန်တင်ပြီး တီဗီရုပ်သံတွေ ထဲမှာလည်း နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦး အဖြစ် နာမည်ကြီးပြန်ပါတယ်။ ထောင်ထဲက အတွေ့ အကြုံတွေ ပြန်လည် မျှဝေ ပါတယ်။ ဒါနဲ့ပဲ ဝင်ငွေရနေပါတယ်။ အခြား အလုပ်မရှိပါဘူး။ Lexigton မြို့ ခံရဲများ အတွက်ကတော့ နှစ်တိုင်း သူ့ကြောင့်မို့ အလုပ် ရှိပါတယ်။ ၂၀၁၂ မှာလည်း ပြစ်မှုအသစ်များ ထပ်ကျူးလွန်ထားပြီး ရဲစန်းနဲ့ ထောင်ကို အိမ်ဦးခန်း၊ ခေါင်းရင်း အခန်းလို ဝင်ထွက် သွားလာနေရ ဆဲ ဖြစ်ကြောင်း သိရပါတယ်။
 https://www.facebook.com/MyanmarNewsUpdates

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်