သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 20 June 2013

ကျည်ဆန်ခွံများဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်နှင့် လက်ဝါးကပ်တိုင် မြစ်ကြီးနားသို့ ရောက်ရှိ

6.20.156.20.16

ဗုဒ္ဓရုပ်ပွားတော်အား လိုင်ဇာမြို့သို့ ပင့်ဆောင်ရန် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည်ကို ဇွန် ၁၉ ရက်က တွေ့ရစဉ်
ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့သည် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၌ နှစ်ဖက်တပ်များ အသုံးပြုခဲ့သော ကျည်ခွံများကို ကောက်ယူကာ သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်နှင့် လက်ဝါးကပ်တိုင်ကို လိုင်ဇာမြို့သို့ ပင့်ဆောင်ရန် မြစ်ကြီးနားမြို့သို့ ဇွန် ၁၉ ရက် ညဥ့်နက်ပိုင်း အချိန်က ရောက်ရှိလာကြောင်း သိရသည်။


ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းလျှောက်အဖွဲ့မှ နာယက ဦးဝင်းချိုက ''ဘာသာရေး၊ သာသနာရေးထက် ငြိမ်းချမ်းရေးကို ဦးတည်ပြီးလာတာပါ။ သာသနာပြန့်ပွားရေး လာလုပ်တာလည်း မဟုတ်ပါဘူး။ နှစ်ဖက်စစ်ပွဲ ဖြစ်တုန်းက ပြည်သူတွေ အင်မတန် ကြောက်ရွံ့ခဲ့တဲ့ ကျည်ဆန်တွေကို ရုပ်ပွားတော်နဲ့ လက်ဝါးကပ်တိုင်လုပ်ပြီး နှစ်ဖက် လက်နက်ကိုင်တွေ ဒါကိုမြင်ရင် နောင်အခါမှာ လက်နက်ကိုင် တိုက်ဖို့မလိုဘဲ အေးချမ်းစွာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ လုပ်တာပါ။ ဒေသခံတွေက ပူဇော်ဖို့ အဆင်သင့် မဖြစ်သေးရင်လည်း ပြန်ပင့်သွားမှာပါ။ လက်ဝါးကပ်တိုင်ကိုတော့ လိုင်ဇာမှာရှိတဲ့ ခရစ်ယာန်ကျောင်းမှာပဲ ထားခဲ့မှာပါ'' ဟု ပြောကြားခဲ့သည်။

လက်ဝါးကပ်တိုင်အား လိုင်ဇာမြို့သို့ ပင့်ဆောင်ရန် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည်ကို ဇွန် ၁၉ ရက်က တွေ့ရစဉ်
လိုင်ဇာမြို့မှ ရပ်မိရပ်ဖများကို သတင်းပေးပို့ ထားသော်လည်း အကြောင်းပြန်ကြားမှု မရှိသေးကြောင်းနှင့် ဆက်သွယ်ရန် ခက်ခဲနေကြောင်း ၎င်းကပြောသည်။ လမ်းတစ်လျှောက် ခရီးစဉ်အနေဖြင့် ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်နိုင်ရန် ယာဉ်နှင့် ယာဉ်မောင်းသူများအား အစ္စလာမ် ဘာသာဝင်များက ကူညီခဲ့ကြပြီး လက်ဝါးကပ်တိုင်ကို သံဃာတော်များက ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသည်ဟု သိရသည်။ အဆိုပါ ရုပ်ပွားတော်အား ၂၀၁၃ ဧပြီလအတွင်း မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၊ ဗောတိစောင်းတန်းတွင် သွန်းလုပ်ခဲ့ပြီး ဉာဏ်တော်မှာ ပလ္လ­င်အပါအ၀င် ၂၇ လက်မနှင့် အလေးချိန် ၁၁ ပိဿာရှိပြီး လက်ဝါးကပ်တိုင်မှာ ကျည်ခွံပေါင်း ၁၁၁၃ တောင့် ပါဝင်ကြောင်း သိရသည်။
Online News-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်