သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 30 June 2013

မလေးရှားနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၂၂၈ ဦး ထပ်မံရောက်ရှိ


 Sunday, June 30, 2013

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းများမှ မြန်မာရွှေ့ပြောင်းလုပ်သား ၂၂၈ ဦး ဇွန် ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။


ဇွန် ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ရွှေ့ပြောင်းလုပ်သား ၅၅ ဦး၊ ဇွန် ၂၉ ရက်နေ့ ညပိုင်း ၉ နာရီတွင် ၁၇၃ ဦး ထပ်မံရောက်ရှိခဲ့ရာ ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး ပါဝင်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်း၏ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ ကိုအောင်မျိုးစောက ပြောကြားသည်။ ပြန်လည်ရောက်ရှိ လာသူများသည် ထိန်းသိမ်းရေး စခန်းတွင် နှစ်၊ လ၊ ရက်ပိုင်း ထိန်းသိမ်းခံရသူများ ဖြစ်ကြပြီး အများစုမှာ ထိန်းသိမ်းရေး စခန်းတွင် ရိုက်နှက်မှုများ၊ ခွဲခြားဆက်ဆံမှုများ ခံခဲ့ရကြောင်း သိရှိရသည်။

"ကျွန်တော်တို့က တရားဝင်သွားပေမယ့် အေးဂျင့်တွေက ပတ်စ်ပို့ မပေးထားဘူး။ ရဲစစ်တဲ့အခါ အဖမ်းခံရတယ်။ ဖမ်းတဲ့အခါ အိမ်ထဲကို ၀င်ဖမ်းတာပါ။ ဖမ်းတော့ အကုန်ပါပြီး ထိန်းသိမ်းရေး ကန့်ထဲကို ထည့်ခံရတယ်။ ထောင်ချကြိမ်ဒဏ် ပေးတာတွေ လုပ်တယ်။ တစ်လတစ်ကြိမ်၊ သုံးလ၊ ခြောက်လတစ်ကြိမ်လောက်ခွဲပြီး ကြိမ်ဒဏ်ပေးတာတွေ ရှိတယ်။ ကြိမ်ဒဏ်က တရားအမိန့် ချတာပေါ် မူတည်တယ်။ မလေးရှားကို ပြန်မသွားချင်တော့ပါဘူး" ဟု ကွာလာလမ်ပှုရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်စဉ် အဖမ်းခံရသူ ကိုအောင်နိုင်ဦးက ပြောကြားခဲ့သည်။

ယခုရောက်ရှိ လာသူများမှ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပဉ္စအကြိမ်မြောက် ထပ်မံရောက်ရှိ လာသူများ ဖြစ်သည်။

"ကလေးက မလေးစာသင်ကျောင်း တစ်ခုမှာ စာသင်နေရင်း ကလေးကို အရင်ဖမ်းတာ ပြီးတော့ကျွန်မကို ဖမ်းတယ်။ ထောင်ထဲမှာ မြန်မာနိုင်ငံ အကျဉ်းသားတွေကို ခွဲခြားဆက်ဆံတာတွေ ရှိပါတယ်။ အစားအသောက်ကတော့ တန်းတူစားရတယ်။ စကားနားမထောင်ရင်တော့ ရိုက်တာတွေ ရှိပါတယ်" ဟု မလေးရှား စခန်းတွင် တစ်လနီးပါး အကျဉ်းချခံသူ မခမ်းဝါက ပြောပြခဲ့သည်။

မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာန၏ လုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းရေး စခန်းများမှ ပြန်လိုသူများကို လေဆိပ်သို့ ပို့ဆောင်ရာ၌ မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ယူပြီး လေယာဉ်ပေါ်သို့ တိုက်ရိုက်ပို့ဆောင်သည့် အချိန်ထိ လက်ထိတ်ခတ် ပို့ဆောင်ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသူများ၏ ပြောကြားချက်အရ သိရသည်။

ညပိုင်းတွင် ရောက်ရှိလာသူများမှာ မွန်တိုင်းရင်းသားများ အများဆုံးဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ရှိသူများကို ဧရာဝတီ ဖောင်ဒေးရှင်း၊ အမ်အေအိုင် လေကြောင်းလိုင်းနှင့် ကွာလာလမ်ပူရှိ မြန်မာသံရုံးတို့ ပူးပေါင်းဆောင်ရွက်ပြီး အခမဲ့ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်သည်။

EMG
မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ တစ်ဦးအား ကြိုဆိုသူ တစ်ဦးနှင့် တွေ့ရစဉ်

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်