သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday, 20 June 2013

မြန်မာနှိုင်ငံရဲ့ တချို့ ဥပဒေမဲ့ရက်စက်ယုတ်မာမှူ့များ


 ပုသိမ်မြို့နယ်လင်းကွင်းကြီးကျေးရွှာအုပ်စုထိန်ချောင်ကျေးရွာနေမသန်းသန်းအေးအသက်
၂၄နှစ်(ဘ)ဦးပြည်သိန်းအား(17.6.2013)နေ့တွင်ပုသိမ်တဖက်ကမ်းသင်္ဘောကျင်းရဲစခန်းမှ၎င်း၏ခင်ပွန်းအမှူ
ကိစ္စနှင့်ပတ်သက်၍သက်သေစစ်ဆေးရန်ရှိသည်ဟုပြောကာ

ဒုရဲအုပ်နှိုင်အောင်ကျော်နှင့်တပ်ဖွဲ့ဝင်
(5)ဦးတို့မှကျေးရွာအုပ်ချူ ပ်ရေးမှူးရုံးအားလုံးဝအသိမပေးဘဲရွာတွင်းသို့ဝင်ကာသူမ၏နေအိမ်အား
သေနတ်များဖြင့်ချိ န်ပြီးရုပ်ရှင်ဆန်ဆန်သူတဦတည်းအားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်
သူမတွင်ကိုယ်ဝန်၂လရှိနေသောကြောင့်မိသားစုများကစိတ်မချသော်လည်းရဲတပ်ဖွဲ့ဝင်များမှလုံးဝ
လိုက်ခွင့်မပြုပါသူ့ကိုရွာရောက်အောင်ပြန်ပို့ပေးမည်ဟုသာပြောခဲ့ပါသည်18.6.2013နေ့နံက်တွင်
သူမ၏အဖေနှင့်ညီမဖြစ်သူတို့ကရဲစခန်းသို့တွေ့ရန်လာသောအခါ၌လည်းတွေ့ရမည်ဟုစခန်းမှူးက
ပြောပါသည်နေ့လည်ပိုင်းအထိမတွေ့ရသောအခါကျမှစုံစမ်းကြည့်သောအခါမှသင်္ဘောကျ င်းကြက်
တန်းကူးတို့ဆိပ်အနီးတွင်17.6.2013နေ့ကပင်ရေနစ်သေဆုံးသွားသည်ဟုသာသိရပါသည်
19.6.2013နေ့နံက်၉း၃၀တွင်သေဆုံးသူ၏အလောင်းရေပေါ်သို့ပြန်လည်ပေါ်လာသောအခါ၌ပုံပါ
အတိုင်းလက်နှစ်ဖက်ကိုနောက်ပြန်လက်ထိပ်ခတ်လျှက်ခြေထောက်ကိုပါသံကြိုးတွဲခတ်ထားသည်
ကိုရင်နင့်ဖွယ်တွေ့မြင်ရပါသည်မိဘညီအကိုမောင်နှမများမှာယူကြုံးမရဖြစ်ရပါသည်
မသန်းသန်းအေးရေနစ်သေဆုံးမှူ့အဖြစ်မှန်ကိုရှင်းရှင်းလင်းလင်းအခုချိန်ထိမသိရသေးပါ
ဤသို့နစ်နာမှူ့များနှင်မြန်မာနှိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ဥပဒေမဲ့လုပ်ရပ်များတွင်ဘယ်သူ့မှာတာဝန်
ရှိပါသနည်းတရားဥပဒေစိုးမိုးရေးကိုစိန်ခေါ်နေသူများမှာတရားဥပဒေစိုးမိုးရေးတာဝန်ယူထား
သောသူများသာဖြစ်ပါတော့သည်.
Kobon Taw

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်