သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 20 June 2013

မလေးရှားရှိ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား အများစု နေရပ်မပြန်လိုဘဲ ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်ကတ်ပြား ရရှိရန် စောင့်စားနေ


မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန လက်အောက်ရှိ ထိန်းသိမ်းရေး စခန်းများတွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား အများစုမှာ မြန်မာနိုင်ငံသို့ မပြန်လိုကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။
တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေမှု အစရှိသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများနှင့် ထောင်ဒဏ် ကျခံရပြီးနောက် မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံခဲ့ရသူ မြန်မာနိုင်ငံသား အရေအတွက်မှာ ဦးရေ ၂၀၀၀ မှ ၃၀၀၀ အကြားတွင် ရှိကြောင်း သိရသည်။


''မလေးရှားရဲ့ လ၀က ဥပဒေတွေကြောင့် ထောင်ဒဏ် သုံးလ၊ လေးလ ကျခံရတယ်။ အဲဒါကို ကျခံပြီးရင် ထိန်းသိမ်းရေးစခန်း ပို့တယ်။ အဲဒီမှာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ သံရုံးတွေက လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ပို့ပေးကြတယ်။ အများစုကတော့ အိမ်ကိုလှမ်း အကြောင်းကြားပြီး လေယာဉ်လက်မှတ် ၀ယ်ကြတယ်။ ပြီးရင် သံရုံးက နိုင်ငံသားဖြစ်ကြောင်း အထောက်အထား ထုတ်ပေးပြီး ပြန်ပို့လေ့ရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက လူတွေကတော့ မြန်မာနိုင်ငံကို မပြန်ချင်ဘူးပဲ ပြောကြတယ်'' ဟု မလေးရှားရှိ ထိန်းသိမ်းရေး စခန်းများသို့ ရောက်ရှိနေသော မြန်မာများကို အကူအညီ ပေးနေသူ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံသို့ မပြန်လိုသည့် အကြောင်းရင်းမှာ UN အသိအမှတ်ပြု ဒုက္ခသည်ကတ်ပြား ရရှိရန်အတွက် စောင့်ဆိုင်းနေသည့်အတွက် ဖြစ်ကြောင်း သိရသည်။ ထိန်းသိမ်းရေး စခန်းများရှိ ဖမ်းဆီးခံရသူများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လူတွေ့ မေးမြန်းခြင်းများ လုပ်ဆောင်လေ့ရှိပြီး ၎င်းတို့စိတ်ကြိုက် ဖြစ်ပါက UN အသိအမှတ်ပြု ဒုက္ခသည် ကတ်ပြားကို ထုတ်ပေးလေ့ရှိသည်။ ထိုကတ်ပြားဖြင့် မလေးရှားနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် ရရှိသည့်နည်းတူ တတိယ နိုင်ငံများသို့လည်း သွားရောက်ခွင့်ရမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ မပြန်ဘဲ စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် UN အသိအမှတ်ပြု ဒုက္ခသည်ကတ်ပြားကို ဘင်္ဂါလီများကို အများဆုံး ထုတ်ပေးနေပြီး ချင်း၊ မွန်၊ ရခိုင် အစရှိသော တိုင်းရင်းသား အနည်းငယ်ကိုလည်း ထုတ်ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား ဒေသများမှ မဟုတ်ဘဲ ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိနေသူများကို UN အသိအမှတ်ပြု ဒုက္ခသည်ကတ်ပြား ထုတ်ပေးသည့် အခွင့်အလမ်း နည်းပါးနေသော်လည်း ကာလရှည်ကြာ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။
''သူတို့ကို မြန်မာနိုင်ငံပြန်ဖို့ အမြဲတမ်း တိုက်တွန်းပါတယ်။ ကိုယ့်နိုင်ငံလောက် ပျော်စရာကောင်းတာ မရှိဘူး။ လွတ်လွတ်လပ်လပ် နေလို့ရတယ်။ အခုလိုနေရမှာ မဟုတ်ဘူး။ ပြန်ကြပါလို့ ပြောပေမယ့် သူတို့မပြန်ချင်ကြဘူး'' ဟု မလေးရှားနိုင်ငံ Semenyih ထိန်းသိမ်းရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး Yusoff Khan က ပြောကြားသည်။
ပြစ်ဒဏ်ကျခံရမည့်ရက် ပြည့်သွားသော်လည်း မပြန်လိုဘဲ UN အသိအမှတ်ပြု ဒုက္ခသည်ကတ်ပြား စောင့်ဆိုင်းသူများကို ထိန်းသိမ်းရေး စခန်းများတွင် ဆက်လက် ထားရှိကြောင်း သိရသည်။
မလေးရှားတွင် ထိန်းသိမ်းရေးစခန်း ကိုးခုရှိပြီး အဆိုပါ စခန်းများသို့ ရောက်ရှိနေသူများ ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားသို့ တရားမ၀င် လာရောက်စဉ် နယ်စပ်၌ အဖမ်းခံရသူများ၊ တရားမ၀င် အလုပ်လုပ်ကိုင်နေပြီး အော်ပရာစီဖြင့် အဖမ်းခံခဲ့ရသူများ၊ အလုပ်ရှင်နှင့် စကားများရာက ဖမ်းဆီးခံရသူများ၊ တရားမ၀င် နေထိုင်ခြင်းကို ပတ်ဝန်းကျင်မှ တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသူများ အများဆုံး ပါဝင်ကြသည်။
မြန်မာသံရုံး၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဌာန၏ ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံရသူများကို နေရပ်ပြန်ပို့ပေးမှု အရေအတွက်မှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၁၂၈၈၂ ဦးရှိကြောင်း သိရသည်။

Comments  

 
0 # naingcherry 2013-06-21 12:04
တချို့တွေက မြန်မာပြည်ကလာကတည်းက ဒီလိုနည်းနဲ့UN ကတ်ရဖို့ ရည်ရွယ်ပြီးလာကြတာပဲ။ တချို့ကတော့ ချော်လဲရောထိုင် တနည်းနည်းနဲ့အဖမ်းခံရပြီးရင်UN ကတ်ရပြီး အနောက်နိုင်ငံတွေ ပိုက်ဆံမကုန်ဘဲ အလကားထွက်ရတဲ့ အခွင့်အရေးတွေရတယ်။ပြီးတော့ကိုယ်ရောက်နေတဲ့ နိုင်ငံမှာလည်း လည်းဗီးမပေးရဘဲ အလုပ်လုပ်လ်ု့ရလို့ ဒီUNကတ်ကို ဒီလူတွေ ဒီလောက်လိုချင်နေကြတာပေါ့။
 
 
+26 # Zawtika 2013-06-21 06:01
Quote:
ပြစ်ဒဏ်ကျခံရမည့်ရက် ပြည့်သွားသော်လည်း မပြန်လိုဘဲ UN အသိအမှတ်ပြု ဒုက္ခသည်ကတ်ပြား စောင့်ဆိုင်းသူများကို ထိန်းသိမ်းရေး စခန်းများတွင် ဆက်လက် ထားရှိကြောင်း
ဒုက္ခသည်ဖြစ်ရတာ ပိုကောင်း ဆိုပါလား....
ဧကန်တ ကဒ်စိမ်းရပီးလို့ ဗမာပြည် ပြန်တဲ့ အခါ ကားခေါင်မိုးပေါ်တက်ပီး ဂျွမ်းထိုးပြချင်တယ်ထင်ပါရဲ့...
ရှေ့ဆောင်မျောက်လား... ဖင်ထောင်သွားတော့ နောက်မျောက်တသိုက် ဖင်ထောင်လိုက်ပုံ ရတယ်...
Eleven-Journal

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်