သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 19 June 2013

မလေးရှားမှမြန်မာပြည်သို့ ပြန်လိုသူများအတွက်သတင်းတိုလေးတစ်ခုပါ

 
အခုမလေးရှားမှာ ဒုက္ခရောက်နေသူတွေ ပထမဆုံး အယောက် ၁၀၀၀အတွက် ဧရာတီဖောင်ဒေးရှင်းက လေယာဉ်လက်မှတ် ဝယ်ပေးနေတာ အင်းမီကေးရှင်းသွားမယ့်ကိစ္စကို ဒီက အကိုအမတွေ ကူညီပေးနေတာ အားလုံးအသိပဲ.. ဒဏ်ကြေးငွေ ၄၀၀ရင်ဂစ်ကိုတော့


ကိုယ့်ဘာသာကိုယ် ကျခံရမယ့်လို့ အားလုံးသိအောင်ကျေညာပြီးသားပါ ။ များတယ်လို့တော့ ဈေးမစစ်ပါနဲ့။ ကိုယ်ဘာသာ သွားလုပ်ကြည့်ပါ။ ဒိထက်မက ကုန်ကျနိုင်တယ်။ သွားပြီးလို့ ၃ရက်မဟုတ်ပဲ ၃လစောင့်ရပါတယ်... အဲကြားထဲ ငွေတတ်နိုင်ရဲ့နဲ့ ငွေမရှိဘူးဆိုပြိး သူတို့အကုန်လုံးစိုက်ထုတ်ပြိး လုပ်ပေးမလားမျော်လင့်ချက်နဲ့ ညာတဲ့သူကရှိသေး အခွင့်အရေးကို လက်တဆုံးမနှိုက်ပါနဲ့ လူကြားလိုလည်းမကောင်းဘူး ကိုယ့်လိပ်ပြာလည်း မလုံပါဘူး ကိုယ့်ထက်ဆိုးတဲ့သူတွေလည်း တပုံတပင်ဆိုတာ သတိရပါ အခွင့်အရေးဆိုတာ တန်ရုံပဲကောင်းပါတယ်
နောက်တစ်ခုကျန်သေးတယ်.. ပတ်စပို့ သက်တမ်းကျန်သေးတဲ့သူတွေ ခုမှထွက်ပြန်ချင်လို့ အေးဂျင့်(သို့) စက်ရုံက စာအုပ်ထားခဲ့ပြိး ထွက်ပြေးလာသူတွေ ဒီအစိအစဉ်နဲ့ လုံးဝ(လုံးဝ) ပြန်လို့မရပါ... ပါမစ်သက်တမ်းရှိသေးရဲ့နဲ့ မရှိတော့ဘူးညာလျောက်ရင် CIကတော့ ရကောင်းရနိုင်ပါတယ် ဒါပေမယ့် အင်မီကေးရှင်းသွားတဲ့အခါ လက်ဗွေ နှိပ်ရပါတယ် အကုန်ပေါ်ပါတယ် နာမည်တစ်လုံးလွဲတာက အစ အကုန်သိရပါတယ် ပေါ်တဲ့အခါမှာ ပြသနာတက်ပါတယ် ကိုယ့်ကြောင့် ကျန်တဲ့သူတွေလည်း ဒုက္ခေ၇ာက်ပါတယ် ပြီးတော့ သူတို့ ဖမ်းချုပ်ထားပါမယ် အဲဒီအတွက် ကူညီပေးလို့မရပါ
ပါမစ်ရှိပြီးပြန်ချင်သူတွေအတွက် အကြံပေးချင်တာက သူဌေး(သို့) အေးဂျင့်နဲ့ တိုင်ပင်ပြီးပြန်တာ အကောင်းဆုံးပါ
နောက်တစ်ခု အမြန် ပြန်ချင်လို့ ကုန်ကျစ၇ိတ် လုံးဝမကုန်ချင်လို့ ဦးစားပေးစာရင်းပါချင်လို့ ဆိုပြိး ကျန်းမာရေး ကောင်းရဲ့သားနဲ့ မကောင်းဘူး မျက်လုံးကောင်းရဲ့သားနဲ့ မကောင်းဘူး
လက်အကောင်းက ကျောက်ပတ်တီးစီး မလုပ်ကြပါနဲ့ မလုပ်ကောင်းပါဘူးဗျာ... တစ်ကယ်ဖြစ်သွားတတ်လို့ပါ... အမှန်တစ်ကယ်ဖြစ်နေ၇င်တော့ ပြသနာမဟုတ်ပါဘူး ကူညီပေးမှာပါ မဖြစ်တဲ့သူတွေလည်း ခဏစောင့်ပါ အားလုံးကို ကူညီပေးမှာပါ... အချိန်လေးတော့ နဲနဲ စောင့်ပေါ့ဗျာ.... အများနဲ့လုပ်နေတာပါ ပြိးတော့ကိုယ့်ရှေ့က အရင်ကြိုပြိး လျောက်ထားသူတွေရှိသေးတယ်ဆိုတာလည်း သတိထားပါ အကုန်လုံးကို တနေ့တည်း ပြန်လို့ရအောင် လုပ်ပေးချင်တာပေါ့.... ဒါပေမယ့် ဒီမျာကိ အများနဲ့လုပ်ရတာ အင်မီကေးရှင်းက ခွင့်ပြုပေးသလောက်ပဲ တနေ့ ဘယ်နှစ်ယောက် နှုန်းခေါ်လာပါဆိုမှ ကိုယ်က မနက်သွားရမယ့် သူတေါ စာရင်းကို ညနေ ဖုန်းဆက်ပြိး အကြောင်းကြားရတာပါ... ဖုန်းလေးတွေလည်း ကိုယ်နဲ့မကွာ ဆောင်ထားကြပါ ၃ခါ ၄ခါ ဆက်လို့မှ မကိုင်ရင် နောက်လူကိုခေါ်သွားမှာပါ...
နောက်တစ်ခုကတော့ သံရုံးမှာ CI လောက်ပြီး လို့ စာရွက်ရရင် မိတ္တူ ၅စောင်လောက်ကူးပါ
ကူးထားတဲ့ မိတ္တူထဲက တစောင်ကို ဖုန်းနံပါတ်ရေးပြိး မိတ္တူကူးတဲ့ အနားက ပုံးလေးထဲ ထည့်ထားခဲ့ပါ မူရင်းပေါ်မျာ ဘာမှမရေးမိပါစေနဲ့ ရေးမိ၇င် ပယ်စာရင်ဖြစ်သွားပါတယ်..
အော်.... သံရုံးက ထုတ်ပေးတဲ့ CIစာရွက်အတွက်က အခမဲ့နော် ငွေ လုံးဝပေးစရာမလိုဘူး
ပွဲစားမလိုဘူး ကိုယ်တိုင်လာလျောက်ပါ

အားလုံးပဲ အိမ်ပြန်ခရီးအတွက် အဆင်ပြေကြပါစေ...
ရဲနိုင်ဝင်း(TGG)

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်