သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 30 July 2013

နောင်ချိုမြို့အ၀င် အဝေးပြေးလမ်းမကြီးပေါ်၌ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်လာသူအား ဖမ်းမိ


 Wednesday, July 31, 2013

ဇူလိုင်လ ၂၅ရက်နေ့ နေ့လည် နှစ်နာရီခွဲ အချိန်တွင် လားရှိုးမူးယစ်အထူးအဖွဲ့သည် နောင်ချိုမြို့အ၀င် မိုင်တိုင်အမှတ် (၇၈/၅)၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မူဆယ်မှမန္တလေးဘက်သို့ မောင်းနှင်လာသော ၀င်းနားခရီးသည်မှန်လုံယာဉ် တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်လာသူ ခရီးသည်အား ၎င်းမူးယစ်အဖွဲ့မှ အချိန်မီ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။


ဝင်းနားခရီးသည်တင် မှန်လုံယာဉ်အမှတ် ၈ဇ/၄၂၉၀အား မူးယစ်အထူးရဲအဖွဲ့မှ ရပ်တန့်ရှာဖွေရာ ယာဉ်တွင်လိုက်ပါလာသူ မနာမဟာဆိုသူ အမျိုးသမီး ၏ ခြေစီးကွင်းထိုး ခုံထူဖိနပ်နှစ်ဖက်အတွင်း အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထုပ်ပိုးထားသော စိတ်ကြွရူးသွပ်ဆေးပြားများကို ရှာဖွေစစ်ဆေးတွေ့ရှိခဲ့ကြောင်း လားရှိုးမူးယစ်အဖွဲ့က ပြောကြားသည်။

သယ်ဆောင်လာသော ၎င်းမူးယစ်ဆေးဝါးများမှာ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ငယ်တစ်ထုပ်လျှင် WY-စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားစီ ပါသော အထုပ်ပေါင်း(၂၃)ထုပ်နှင့် ဆေးပြားပေါင်း(၄၆၀၀) ပြားဖြစ်ပြီး အလေးချိန်(၄၁၄)ဂရမ်၊ ငွေတန်ဘိုးအားဖြင့် ကျပ်(၉၂)သိန်းကို မူးယစ်အထူးအဖွဲ့မှ ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတရားခံသည် မူဆယ်မြို့တွင် နေထိုင်သူဖြစ်ပြီး မူးယစ်ဆေးဝါးများကို တရုတ်ပြည် ၀မ်တိန်-ပန်ဆိုင်းမြို့မှ ၀ယ်ယူကာ ကချင်ပြည်နယ် ဖားကန့်မြို့ သို့ ဖြန့်ဖြူးရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း အမှု ထွက်ဆိုချက်အရ သိရသည်။

ယင်းတရားခံမ နာမဟာအား နောင်ချိုမြို့မ ရဲစခန်းမှမ ယ(ပ)၃၀/၂၀၁၃၊ မူးစိတ်ပုဒ်မ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း ၎င်းရဲစခန်းမှ သိရသည်။

ထွန်းထွန်း(လားရှိုး)

မြန်မာ့ခေတ်

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်