သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 30 July 2013

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်

  
 ဘာဖြစ်ဖြစ် ကျနော်တို့ မြန်မာတွေ လေ့လာဖို့ နှင့်အတုယူဖွယ် အကြောင်းလေးဆက်ဖတ်လိုက်ရအောင်။



၁။ တည်ငြိမ်မှု့ ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြသည် ။

၂ ။ ဂုဏ်သိက္ခာ ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား ရိုင်းစိုင်းသော အမူအရာ
လုံးဝ မတွေ့ရ ။

၃။ စွမ်းရည် သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိသည်။ အဆောက် အအုံများသည်
ယိုင်းယိုင်သွားသော်လည်း ပြိုမကျ ။
၎။ ထောက်ထားညှာတာမှု့ လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့်

စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )

၅။ စည်းကမ်းသေဝပ်မှု့ ဆိုင်များတွင်လုယက်ခြင်းမရှိလမ်းပေါ်တွင်ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည် ။

၆။ အနာခံမှု့ နူကလီးယားဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည်နောက်ချန်နေခဲ့သည် . ( ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု့ခံရမည်ကိုသိလျက်နှင့် စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏
ကျေးဇူး နှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ပေးဆပ်နိုင်ပါမည်နည်း ။

၇။ ကြင်နာယုယမှု့ စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြသည် အစောင့်အရှောက်မရှိသော အေတီအမ် ( ငွေထုတ်စက် )
စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီစောင့်ရှောက်သည်။

၈။ လေ့ကျင့်ထားမှု့ သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရမည်ကို တိတိကျကျ သိသည်
သိသည့်အတိုင်းလိုက်နာကျင့်သုံးကြသည် ။

၉။ မီဒီယာ သတင်းမီဒီယာများက အထိန်းအကွပ်ရှိသည် သတင်းထုတ်ပြန်ရာ၌ နှိုင်းနှိုင်းချိန်ချိန် ထိန်းထိန်းသိမ်းသိမ်းရှိသည်
ပရမ်းပတာ သတင်းထောက်မရှိ ။

၁၀။ အသိစိတ် စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန်ယူထားသော
ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာသွားကြသည် ။

ထာဝရအလင်းတန်းများ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်