သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 19 July 2013

၁၉-၇-၂၀၁၃ အာဇာနည်နေ့ အခမ်းနားမြင်ကွင်းပုံများ



 ၆၆နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
 ၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့


၁၉.၇.၂၀၁၃ တွင်ကျရောက်သော ၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ယခုနှစ်အာဇာနည်နေ့အခမ်းအနားသို့ မြန်မာ့တပ်မတော်မှ နံပတ် ၄ အဆင့်ရှိသူစစ်ဦးစီးအရာရှိချုပ်ကြည်း
ဒုတိယဗိုလ်ချုပ်ကြီးမြတ်ထွန်းဦးနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးတို့တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ယခင်စစ်အစိုးရလက်ထက်က အာဇာနည်နေ့အခမ်းအနားအားများအား တိုင်းမှူးအဆင့်နှင့်ပြည်ထဲရေးဝန်ကြီးသာတက်ရောက်ခဲ့သော်လည်းယခုအခါ ဒုသမ္မတနှင့် ထိပ်တမ်း တပ်မတော်အရာရှိကြီးများတက်ရောက်လာခြင်းသည် နိုင်ငံအတွက် ကောင်းသည့်အလားအလာဖြစ်ကြောင်း NLD ပါတီဝင်တစ်ဦးမှပြောကြားသွာသည်။၎င်းမှ အာဇာနည်နေ့ အခမ်းအနားကို တပ်မတော်က အဆင့်မြင့် အရာရှိကြီးတွေတက်ရောက်လာတာ ကောင်းတဲ့အလားအလာဖြစ်ပါတယ် အခုကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ လဲ တပ်မတော်နေ့အခမ်းအနားတွေမှ ဗိုလ်ချုပ်အောင်ဆန်းကို တပ်မတော်ရဲ့ဖခင်အဖြစ်တင်စားပြောဆိုသွားတွေလဲရှိပါတယ် တပ်မတော်သားတွေ နေ့စဉ်နိုင်ငံတော်အလံကို အလေးပြုပြီးရင် 

ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်များနှုင့်တပ်မတော်သားများကိုအလေးပြုရပါတယ် 
တကယ်ဆိုရင် အာဇာနည်နေ့အခမ်းအနားကို ကာချုပ်ကိုယ်တိုင်တက်ရောက်သင့်ပါတယ် ဒါပေမဲ့ မကြာမှီဒီလိုဖြစ်လာမယ်လို့မျှော်လင့်ပါတယ် ဟုပြောဆိုသွားသည်။ အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးမြတ်ထွန်းဦးသည် 
ယခုရက်ပိုင်းအတွင်း ဒုတိယဗိုလ်ချုပ်ကြီးရာထူးသို့တိုးမြင့်ခံထားရသူဖြစ်ပြီ
စစ်ဦးစီးအရာရှိချုပ်ကြည်းတာဝန်အပြင်
ကစထ ၅ ကစထမှူးတာဝန်ပါပူးတွဲထမ်းဆောင်လျက်ရှိကြောင်းသိရှိရသည်
အွန်လိုင်းမှစုပေါင်းရှာဖွေတင်ပြပါသည်။




No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်