သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 30 July 2013

ကမ်းလွန်ပင်လယ် ရေတပ် ကင်းလှည့် သင်္ဘောများ တည်ဆောက်ရန် အိန္ဒိယ ကူညီမည်


၃၁.၇.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

မြန်မာ့တပ်မတော် (ရေ) အတွက် ကမ်းလွန်ပင်လယ် ရေတပ် ကင်းလှည့် သင်္ဘောများ တည်ဆောက် ရန် အိန္ဒိယ အစိုးရက ကူညီမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် Time of India သတင်း မီဒီယာတွင် ဖော်ပြထား သည်။


မြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ၏ လေးရက်ကြာ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ် DK Joshi၊ ဗိုလ်ချူပ် Bikram Singh တို့နှင့် တွေ့ဆုံရာတွင် ယင်းသို့ သဘောတူညီခဲ့ကြကြောင်း အဆိုပါ သတင်းများအရ သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ကင်းလှည့် သင်္ဘောများကို အိန္ဒိယနိုင်ငံ စစ်တပ်သုံး သင်္ဘောတပ်ဆင်ရေးနှင့် ပြုပြင်ရေး လုပ်ငန်းခွင်တွင် တည်ဆောက်ပေးရန် အိန္ဒိယ အစိုးရက သဘော တူညီခဲ့ပြီး အိန္ဒိယနိုင်ငံတွင် မြန်မာ ရေတပ် အရာရှိများကို စစ်ရေး လေ့ကျင့်ပေးမှုများ ပြုလုပ်သည့် အစီအစဉ်ကို ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဘော တူညီခဲ့ကြသည်။

အလားတူပင် မြန်မာ့ တပ်မတော် (ကြည်းနှင့် လေ) မှ တပ်မတော်သား များကိုလည်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ပေးရန်နှင့် ကျွမ်းကျင်သော တပ်မတော်အဖြစ် ရပ်တည်နိုင်ရန်အတွက် ရေတပ်သုံး ပစ္စည်းများနှင့် အသုံးအဆောင်များ ဝယ်ယူနိုင်ရန် နှစ်နိုင်ငံ တပ်မတော် အရာရှိများက သဘော တူညီခဲ့ကြောင်း ယင်းသတင်း မီဒီယာများတွင် ကိုးကား ဖော်ပြ ထားသည်။

အိန္ဒိယနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အရေးအခင်းများ အပေါ် မြန်မာ့ တပ်မတော်၏ အကြမ်းဖက် တုံ့ပြန်မှုများကို အပြင်းအထန် ရှုတ်ချခဲ့ပြီး ဒီမိုကရေစီလမ်းစဉ် အတိုက်အခံ ပါတီဝင်များကို ထောက်ပံ့ပေး ခဲ့သည်။

သို့သော် ၁၉၉၃ ခုနှစ် နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော် မူဝါဒအရ ယခင် မြန်မာ အစိုးရနှင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံရေး အသစ် စတင်ခဲ့ပြီး မြန်မာ့ တပ်မတော်ကို စစ်ရေးအရ အထောက်အပံ့ များစွာ ပေးအပ်ခဲ့သည်ဟု နိုင်ငံတကာက ဝေဖန်ခဲ့သည်။

ယင်းမူဝါဒအရ အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်တွင် ၁၉၆၄ ခုနှစ်မှ စတင်၍ ခြေကုပ်ယူထားသော အိန္ဒိယအစိုးရ ဆန့်ကျင် သောင်းကျန်းသူ များကို မြန်မာနိုင်ငံတွင် လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေး တိုးမြှင့်ရန် အတွက် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာ အေကေအန်တိုနီက ယခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာ အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

The Voice

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်