သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 30 July 2013

မုန်တိုင်း ၂ခုကြားကျရောက်မည့် အခြေအနေကြောင့် မိုးကြီးရေလွှမ်းမှု ဆက်လက်ဖြစ်ပေါ်နိုင်



၃၁.၇.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

တောင်တရုတ်ပင်လယ်၌ ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST-91W သည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း 09W(NINE)အဖြစ်သို့ရောက်ရှိကာ အနောက်မြောက်ဘက်(Heading 300 degree)သို့ တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။ လေဖိအားနည်းရပ်ဝန်းသည်
 ပိုမိုအားကောင်းလာပြီး လာမည့် ၁၂ နာရီအတွင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိကာ ဟိုင်နန်ကျွန်းနှင့် တုံကင်ပင်လယ်ကွေ့အား ဖြတ်သန်း၍ ဗီယက်နန်နိုင်ငံမြောက်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု JTWC မှ ဇူလိုင်လ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ထုတ်ပြန်ထားသော Warning-1 တွင် တွေ့ရှိရပါသည်။ (ပုံ-၁)

310300Z POSITION NEAR 15.1N 115.9E. TROPICAL DEPRESSION 09W (NINE), LOCATED APPROXIMATELY 451 NM SOUTH-SOUTHEASTWARD OF HONG KONG, HAS TRACKED WEST-NORTHWESTWARD AT 06 KNOTS OVER THE PAST SIX HOURS. MAXIMUM SIGNIFICANT WAVE HEIGHT AT 310000Z IS 14 FEET. NEXT WARNINGS AT 310900Z, 311500Z, 312100Z AND 010300Z.

လေဖိအားနည်းရပ်ဝန်း 09W NINE
31 Jul 2013 0000Z
Location: 15.0 116.1
Winds: 30 knots
Central Pressure: 1000 hPa

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်လည်း မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လျှက်ရှိကြောင်း မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ည ၇ နာရီထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။ ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ ထုတ်ပြန်သည့် 850hPa plot (ပုံ-၂)တွင် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့မှ မုန်တိုင်း ဖြစ်ပေါ်မည့် အခြေအနေနှစ်ခု ကြားတွင် ကျရောက်နေသဖြင့် လာမည့် ရက်ပိုင်းအတွင်း မိုးသည်းထန်၍ ရေကြီးနိုင်မည့် အန္တရာယ်ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့ ည(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်မှ ကောက်နှုတ်ဖေါ်ပြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၇း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ကိုးလ်ကတ္တားမြို့၏တောင်_အရှေ့တောင်ဘက်မိုင်(၂၄၀)ခန့်၊ မြန်မာနိုင်ငံ၊စစ်တွေမြို့၏ အနောက်တောင်ဘက်မိုင်(၂၄၀)ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည်အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေဆက်လက်အားကောင်းနေမည်။

http://blog.mmweather.com/2013/07/31/lpa-09w-system-in-bay-of-bengal/

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်