သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 15 July 2013

၁၆-၇-၂၀၁၃-ဆိုင်ကယ်ထိုင်ခုံအောက် ငွေထည့်တတ်သူများ သတိရှိရန်လို တရုပ်ဆိုင်ကယ်(ခုံရှည်)ပိုင်ရှင်များ အထူးသိစေအပ်ပါသည်


 
မြန်မာပြည်တစ်ဝှမ်း အသုံြး့ပုစီးနင်းလျှက်ရှိသော တရုပ်ဆိုင်ကယ် ခုံရှည်အမျိုးအစား၏ ၀မ်းဗိုက်(toolbox) အတွင်းငွေစက္ကူ နှင့် အဖိုးတန်ပစ္စည်းများ ထည့်သိမ်းသော့ခတ်ခြင်းမှာ လုံခြုံစိတ်ချရမှု မရှိကြောင်း သိရသည်။


(၁၂ . ၇ . ၂၀၁၃)နေ့က ကျွန်တော့်မိတ်ဆွေတစ်ဦး ဆန်ဖိုးရောင်းရငွေ (၄)သိန်းကျော် အားဆိုင်ကယ် ၀မ်းဗိုက်(toolbox)အတွင်း ထည့်၍အအေးဆိုင် ၀င်ထိုင်စဉ် ဆိုင်မှပြန်အထွက်

၎င်း ဆိုင်ကယ် ၀မ်းဗိုက်(toolbox)အတွင်း သိမ်းဆည်းသော့ခတ်ထားသော ငွေများမရှိတော့ပဲ ခိုးယူခြင်းခံလိုက်ရသည်။

အခြားမိတ်ဆွေတစ်ဦးပြောပြချက်အရ ၄င်း၏ဦးလေးလည်း ယင်းကဲ့သို့ ဆိုင်ကယ် ၀မ်းဗိုက်(toolbox)အတွင်းမှ ငွေ(၁၇)သိန်းကျော် အခိုးခံရဖူးကြောင်း နှင့် ယမန်နှစ်ကလည်း ပွဲစားတစ်ဦးယင်းကဲ့သို့ ငွေ (၅)သိန်းခန့် ပါဖူးကြောင်းပြောပြသည်။

ဖြစ်စဉ်မှာ ၄င်းဆိုင်ကယ်ထိုင်ခုံများသည် ငွေထည့်သော့ခတ်၍ထားသော်လည်း ထိုင်ခုံမှာ ကော်အပျော့စားဖြစ်၍ သော့တုဖြင့်ဖွင့်ရန်မလိုပဲ ပုံတွင်ပြထားသည့်အတိုင်း ထိုင်ခုံအားအသာမ၍ နှိုက် ယူနိုင် သောကြောင့်ဖြစ်သည်။

ယင်းဖြစ်စဉ်များသည် လူစည်ကားသောဆိုင်များနှင့် များသောအားဖြစ် စည်ဘီယာလို ဆိုင်များတွင့် အဖြစ်များလေ့ရှိသည်။

သို့ပါ၍ တရုပ်ဆိုင်ကယ်(ခုံရှည်)ပိုင်ရှင် မိတ်ဆွေများလည်း သတိပြူဆင်ခြင်နိုင်ရန်နှင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မကြုံတွေ့စေရန်အလို့ငှာ သတင်းပေးတင်ပြအပ်ပါသည်။

( R 2 )


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်