သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 27 July 2013

တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန် ထိန်းညှိရန် အာဆီယံဒေသသို့ ဂျပန် ဝန်ကြီးချုပ် သွားရောက်

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-ash4/999838_607437329276530_1221006415_n.jpg


တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန် ထိန်းညှိရန် အာဆီယံဒေသသို့ ဂျပန် ဝန်ကြီးချုပ် သွားရောက်
တိုကျို၊ ဇူလိုင် ၂၅
ဂျပန်နိုင်ငံ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် ပူပူနွေးနွေး အနိုင်ရရှိထားသူ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အရှေ့တောင်အာရှ ဒေသ တွင်း တရုတ်နိုင်ငံ ခြိမ်းခြောက်မှုကို တုံ့ပြန်မှုပြုရန် အလို့ငှာ အာဆီယံ နိုင်ငံ များသို့ ယခုရက်သတ္တတစ်ပတ်အတွင်း သွားရောက် လည်ပတ်လျက် ရှိကြောင်း The Japan Times သတင်းစာက ရေးသား ဖော်ပြသည်။

ထို့ပြင် အဆိုပါ ခရီးစဉ်သည် တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာလွှမ်းမိုးရန် ကြိုးပမ်းလာမှုနှင့် လုံခြုံရေး ခြိမ်းခြောက်မှုများကို တန်ပြန် ချိန်ခွင်လျှာ ညှိရန်သာမက အာဆီယံ နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန်လည်း ရည်ရွယ်သည်ဟု ဂျပန် အစိုးရ အရာရှိကြီးများက ပြောကြားသည်။

‘ဂျပန်-အာဆီယံ ဆက်ဆံရေး အင်အား ကောင်းမွန်လာစေရန် ကြိုးပမ်းရာ တွင် ဂျပန်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီ၏ အပြန်အလှန် ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှု ခိုင်မာရန် လိုအပ်သည်’ ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိကြီး တစ်ဦးက ပြော ကြားသည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့သို့ သွားရောက် လည်ပတ်ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံတွင် အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်လည်း စီစဉ်ထားသည်။

ရှင်ဇိုအာဘေးနှင့် ဂျိုးဘိုင်ဒင်တို့၏ တွေ့ဆုံမှုသည် ဂျပန်-အမေရိကန် အနီးကပ် မဟာမိတ်ဖွဲ့တည်မှုကို ဖော်ကျူးပြရုံသာမက အာရှဒေသတွင်း အမေရိကန်ပြည်ထောင်စု၏ ခိုင်မာသော ခြေကုပ်ယူထားမှုကိုလည်း မီးမောင်းထိုးပြရာ ရောက်ကြောင်း အဆိုပါ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိကြီးက သုံးသပ်သည်။

အမေရိကန် အိမ်ဖြူတော်က သတင်း ထုတ်ပြန်ရာတွင် ‘ဂျပန်-အမေရိကန် မဟာ မိတ်ဖွဲ့မှု အင်အား ကောင်းမွန်နေခြင်း ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အုတ်မြစ်တစ်ခုဖြစ်သည် ဟူသော အချက်ကို ခေါင်းဆောင် နှစ်ဦးစလုံးက အတည်ပြု ပေးကြမည် ဖြစ်သည်’ ဟု ဖော်ပြသည်။

ထိုသို့ ခေါင်းဆောင် နှစ်ဦး တွေ့ဆုံရာ၌ ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင် အနေနှင့် ယခုလ အစောပိုင်းက ဝါရှင်တန်၌ ကျင်းပ ပြုလုပ်ခဲ့သော တရုတ်-အမေရိကန် မဟာဗျူဟာနှင့် စီးပွားရေး ဒိုင်ယာလော့ခ်နှင့် ပတ်သက်၍ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို အကျဉ်းချုံး ပြောဆိုနိုင်မည် ဖြစ်သည်။

ဂျပန် မီဒီယာများကလည်း ဝန်ကြီးချုပ် အာဘေး၏ ခရီးစဉ်သည် အာဆီယံ ဒေသတွင်း တရုတ်၏ ကြီးစိုးလာမှုကို တန်ပြန် ထိန်းညှိရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဝေဖန် ရေးသားကြသည်။

မစ္စတာ ရှင်ဇိုအာဘေးသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့သို့ သွားရောက်ခဲ့ပြီး မေလတွင်မူ မြန်မာနိုင်ငံ သို့ သွားရောက် လည်ပတ်ခဲ့သည်။

ဂျပန် အစိုးရသည် ဂျပန်-အာဆီယံ မိတ်ဆွေဖွဲ့မှု နှစ် ၄၀ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေနှင့် လာမည့် ဒီဇင်ဘာလတွင် ဂျပန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်