သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 23 July 2013

၂၄-၇-၂၀၁၃ မလေရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မည့်သူများအတွက် ပုံစံပြောင်းပြီ


 ယနေ့ မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး သိသင့်တဲ့ သတင်းတစ်ခုအနေနဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ နောက်ထပ်ပြောင်းလဲလိုက်တဲ့ ဒဏ်ငွေများကို မြန်မာပြည်ပြန်ရန်ဆောင်ရွက်မည့်သူများ သိရှိရအောင် ကျွန်တော်တို့ ရေးသားတင်ဆက်ပေးတာဖြစ်ပါတယ်


ယခင် မြန်မာပြည် သို့ပြန်ရန် ဆောင်ရွက်ပုံများမှာ ပတ်စပို့ရှိသူများ ၊ ပတ်စပို့မရှိ၍ CI လျှောက်ထားပြီး ပြန်သူများ အားလုံး Putra Jaya အင်မီဂရေးရှင်းရုံးသို့သွားရောက်ပြီး Special Pass လျှောက်ထားရန်အတွက် တုံကင် ယူကာ ပြန်လည်ချိန်းဆိုးသောနေ့တွင် ဒဏ်ငွေ ၄၀၀ ရင်းဂစ်ပေးဆောင်ပြီး ချိန်ဆိုသောနေ့တွင်လေယာဉ်လက်မှတ်ဝယ်ကာ ပြန်ရန်သာဖြစ်သည် ။

ယခုပြောင်းလဲလိုက်သော အစီအစဉ်အသစ်တွင်တော့ ယခင်လို ဒဏ်ငွေဆောင် Special Pass ထုတ်ဖို့ ရက်ချိန်းစောင့်ရန် တိုကင်မပေးတော့ပဲ တိုက်ရိုက်တစ်နေ့တည်း Special Pass ပေးကာ ဒဏ်ငွေ ၄၀၀ ရင်းဂစ်အစား

ပတ်စပို့စာအုပ်ရှိသူများအား - ဒဏ်ငွေ ၂၂၀၀ ရင်းဂစ်
ပတ်စပို့မရှိပဲ CI သမားများအတွက် - ဒဏ်ငွေ ၃၀၀၀ ရင်းဂစ်

သတ်မှတ်ပြီး တစ်ရက်တည်း Special Pass ထုတ်ပေးပြီဖြစ်သည် ။

သို့ကြောင့် မြန်မာပြည်သို့ တရားဝင်ပြန်ရန်ဆောင်ရွက်သူများပေးဆောင်ရမည့် ဒဏ်ငွေမှာ အလွန်မြင့်မား သွားပြီဖြစ်ပါသည် ။

ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့မှစတင်ကာ ယခုကဲ့သို့ ဒဏ်ငွေ တောင်းခံလိုက်သောကြောင့် ပြန်မည့်သူများ အခက်တွေ့ကုန်ကာ တော်တော်လေး ကမောက်ကမ ဖြစ်ကြကြောင်းလည်းသိရသည် ။

သို့ကြောင့် မြန်မာပြည်ပြန်ရန် ဆောင်ရွက်မည့်သူများအတွက် မိမိတို့ ပြန်လိုသောနေ့တွင် ပြန်နိုင်ပြီဖြစ်သော်လည်း ပေးဆောင်ရမည့်ဒဏ်ငွေများမှာတော့ အထက်ပါ အတိုင်း မြင့်တက်ခဲ့ပြီဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများသိရှိစေရန် ကျွန်တော်တို့ရေးသားတင်ဆက်ပေးရပါသည် ။

မလေးရှားရောက်မြန်မာများ Facebook Fun Page
www.facebook.com/mmrinmy
www.edinooyin.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်