သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 27 July 2013

မလေးရှား အင်မီဂရေးရှင်းမှ ထုတ်ပြန်ချက် အပြည့်အစုံ (မလေးရှားရောက် မြန်များအတွက်)



ပြီးခဲ့တဲ့ ၄ ရက်က ကျွန်တော်တို့ ရေးသားပေးခဲ့တဲ့ မြန်မာပြည်ပြန်မည့်သူများအတွက် မလေးရှားနိုင်ငံ အင်မီဂရေးရှင်းက ပြန်လည်တိုးမြင့်လိုက်သော ဒဏ်ငွေ ၃၀၀၀ အတွက်ကြောင့် မြန်မာပြည်ပြန်ရန် ပြင်ဆင်ထားတဲ့ မလေးရှားရောက် မြန်မာများ တော်တော်ခက်ခက်ခဲခဲဖြစ်ကြတဲ့အကြောင်းသိရှိပြီးဖြစ်ပါလိမ့်မည် ။


ထို့အတွက်ကြောင့် ကျွန်တော်တို့ ပိုမိုတိကျသော သတင်းအချက်လက်ရရှိရန် အတွက် နီးစပ်ရာ လဝက ဝန်ထမ်းများ ၊ မြန်မာပြည်ပြန်ရန်ဆောင်ရွက်ပေးနေသောသူများ ၊ လူမှု့အဖွဲ့အစည်းများသို့ဆက်လက် စုံစမ်းပြီး ရသမျှ အချက်လက်များကို မြန်မာနိုင်ငံသားများသိရှိစေရန် ထပ်မံရေးသားတင်ဆက်ပေးရပါသည်

မလေးရှားအင်မီဂရေးရှင်းမှ ဖြေကြားမှု့တွင် ဒဏ်ငွေ မလေးရှား ရင်းဂစ် ၃၀၀၀ ဆိုသည်မှာ ယခုမှ ထုတ်ပြန်လိုက်သော ဒဏ်ငွေ မဟုတ်ကြောင်း ၊ ယခင်မလေးရှား အင်မီးဂရေး၏ လုပ်ထုံးလုပ်နည်းများအရ 6P စီမံချက် မတိုင်ခင် အထိ ဒဏ်ငွေတပ်ခဲ့သည်မှာလည်း ၃၀၀၀ ပင်ဖြစ်ကြောင်း ။

6P စီမံချက် အကောင်းထည်ဖော်ပြီး 6P မှ အချက်တစ်ချက် (P တလုံး) ဖြစ်တဲ့ PENGAMPUNAN (ပစ်ဒဏ်ကင်းလွတ်ခွင့်) ကြောင့် ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလအထိ ဒဏ်ငွေ တစ်ပြားမှဆောင်ရန်မလိုပဲ မလေးရှားနိုင်ငံမှ ထွက်ခွင့်ပြုခဲ့ကြောင်း ။

ထပ်မံပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ဟာရီရာယာ မတိုင်မီအထိ ဒဏ်ငွေ ၄၀၀ ဖြင့်ပြန်ရန် ခွင့်ပြုထားခဲ့ပြီး ပြန်မည့်သူများကို တစ်ရက်လျှင် ၄၀၀ ဦး (နိုင်ငံခြားသားအားလုံး) နှုန်းဖြင့် ပြန်ရန်ခွင့်ပြုထားခဲ့ကြောင်း ၊ ယခုပြန်လည်ကာ တည်ဆဲ လုပ်ထုံးလုပ်နည်းများအရ အိုဗာစတေးဖြစ်နေသာ သူများ တရားဝင်ပြန်လည်ထွက်ခွာပါက

မလေးရှားနိုင်ငံသို့ ခရီးသွားအထောက်အထား အပြည့်အစုံဖြင့် ဝင်ရောက်လာပြီး အိုဗာစတေး အဖြစ်နေထိုင်ကာ ထို အထောက်အထားဖြင့် ပြန်လည်ထွက်ခွာပါက ဒဏ်ငွေ ၂၂၀၀ ဖြစ်ကြောင်း ။

မလေးရှားနိုင်ငံသို့ တရားမဝင် ရောက်ရှိနေထိုင်သော အိုဗာစတေးသမား များအတွက်မူ ဒဏ်ငွေမှာ ၃၀၀၀ ဖြစ်ကြောင်းကို ပြည့်စုံစွာသိရှိခဲ့ရပါတယ် ။

ထို့အတူ မြန်မာနိုင်ငံသို့ တရားဝင်ပြန်လည်ထွက်ခွာရန် ဆောင်ရွက်ကူညီပေးနေသော ဧရာဝတီဖောင်ဒေးရှင်း ၊ သီတဂူဖောင်ဒေးရှင်းတို့ တွင် ပြန်ရန် စာရင်းပေးထားသူများမှာ ၂၇၀၀ ကျော်ရှိနေသေးကြောင်း ထိုသူများ ပြန်ရန်အတွက် မလေးရှားနိုင်ငံ အင်မီဂရေးရှင်း နှင့် မြန်မာနိုင်ငံသံရုံးမှ တာဝန်ရှိသူများ ၊ လူမှု့ကူညီရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ညှိနှိုင်းနေပြီး အကောင်းဆုံးဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို သိရှိရပါတယ် ။

ထို့အတူ ကွာလာလမ်ပူရှိ မြန်မာပြည်ပြန်ရန် ဆောင်ရွက်ပေးနေသူများထံတွင် ဝန်ဆောင်ခ ၁၂၀၀ ဖြင့် တစ်ပတ်အတွင်း ပြန်ရန်ဆောင်ရွက်ပေးနေသူများရှိလို ၊ မလေးရှားရောက် မြန်မာနိုင်ငံသားများအဖို့ မြင့်မားသော ဒဏ်ငွေပမာဏ ၃၀၀၀ အားမပေးဆောင်နိုင်သောကြောင့် အောက်လမ်းမှ ပြန်ကြရသူများလည်းရှိကြောင်း ကို ....

မလေးရှားရောက် မြန်မာနိုင်ငံသားများ ၊ အထူးသဖြင့် အိုဗာစတေး ဖြစ်ပြီး
 မြန်မာနိုင်ငံသို့တရားဝင်ပြန်ရန် ဆောင်ရွက်လိုသူများ သိရှိစေရန် တိကျစွာ ဆက်လက်ရေးသားတင်ဆက်ပေးရပါသည် ။
မလေးရှားရောက်မြန်မာများ FACEBOOK FUN PAGE

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်