သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 12 July 2013

၁၃-၇-၂၀၁၃ ရိုင်းပြတာမဟုတ်ပါဘူး လူနေမှု့ စနစ်ကျမ္မာရေးရှောင်ရန်ဗွီဒီယိုဖိုင်ပါ-အသက်၁၈နှစ်ပြည့် သူမှကြည့် ပါ

အခုပြသမည့် ဗွီယိုဖိုင်အားကျမ္မာရေးဆေးပညာရှု့ ထောင့်အမြင်ကနေကြည့် ပါ-အသက်၁၈နှစ်အောက်လုံးဝမကြည့် ရန်နှင့် ညစ်ငြမ်းသည်ဟု ယူဆပါက-အခြားပို့ စ်များဆက်ဖတ်ပါ- လိင်တံခေါက်ကျိုး၊ကျိုးခြင်း +18 (သယ်ရင်းထဲ ဒီအဖြစ်ဆိုးကို ဟိုနားဒီနား ကြားကြားနေရလို့ ရှာရှာဖွေဖွေ တင်ပြပေးလိုက်ပါတယ်။) လိင်တံခေါက်ကျိုး၊ကျိုးခြင်း အဖြစ်အများဆုံး အကြောင်းရင်းက မိန်းကလေးက နွားကျောင်းသူစတိုင်လ် အပေါ်စီး တက်ဆက်ဆံတာပါ။ ဒုတိယအဖြစ်များစေတာကတော့ ပြောင်းပြန် နွားကျောင်းသူစတိုင်လ်ဖြစ်ပါတယ်။ တတိယကတော့ ဒေါ့ဂီစတိုင်လ်ပါ။ ထိုင်ဝမ်က အသက်၃၀စွန်းစ မောင်နှံဟာ တမနက် တရေးနိုးမှာ လင်းဆွဲလေးထဆွဲကြတဲ့ချိန် မိန်းကလေးစိတ်လိုက်မာန်ပါပြုမိလို့ ဖျောက်ဆိုတဲ့အသံနဲ့အတူ အမျိုးသားရဲ့အော်သံနက်ထွက်ပေါ်လာခဲ့ပါတယ်။ ဟုတ်ပါတယ်။ အမျိုးသားလိင်တံ ကျိုးသွားခဲ့ပါပြီ။ နာလိုက်တာမပြောနဲ့ ဆီးသွားရင်တောင် သွေးပါပါတယ်။ ဆရာဝန်ပြရမှာမျက်နှာပူတာကြောင့် အမျိုးသားဟာ ညနေထိအောင့်ခံခဲ့ပါတယ်။ ညနေရောက်တော့ မခံမရပ်အောင်နာတာမို့ ဆေးရုံကြီးပြေးရပါတော့တယ်။ ဆေးရုံရောက်မှ ကိုယ်တွေလို ခံစားနေရတဲ့ ပုရိသတွေမနည်းပါလားလို့ သိလိုက်ရပါတယ်။ အားသုံးပြီးဆက်ဆံတာကြောင့် လိင်တံခေါက်ကျိုးကျိုးသွားတာဖြစ်ရင် အပြင်ဆုံးက သွေးကြောလွာပေါက်ပြဲခဲ့ပြီး အတွင်းက ဆက်ဆံချိန်သွေးပြည့်ပြီး လိင်တံတောင့်တင်းစေတဲ့ ရေမြုပ်လိုအကန့်ဟာလည်း ဒဏ်ရာကထွက်တဲ့ သွေးတွေနဲ့ ယောင်ရမ်းလာမှာပါ။ ဒဏ်ရာရပြီး ၄၈နာရီတွင်း ခွဲစိတ်ကုသမူ့ကို ခံယူဖြစ်အောင် ကြိုးစားပါ။ ခွဲစိတ်ပြီးလို့ နောက် ၆ပတ်ကနေ၊ ၈ပတ်ထိ လိင်ဆက်ဆံတာ ရှောင်ကျဉ်ရဦးမှာပါ။ ဆေးရုံမှာ နောက်ထပ် လေ့လာတွေ့ရှိချက်ကတော့ နှစ်စဉ် ချစ်သူများနေ့ တဝိုက်မှာအမျိုးသား လိင်တံ ခေါက်ကျိုးကျိုးမူ့ဟာ သာမာန်ချိန်ထက် ၂ဆ၃ဆ မြင့်တက်လာနေကြတာပါ။အနောက်နိုင်ငံက လိင်ဆက်ဆံတဲ့ နည်းနိသသျှတွေ အတင်းကာရော ဝင်ရောက်လာချိန်သမရိုးကျလိင်ဆက်ဆံတဲ့ နည်းကနေအသစ်အဆန်းကိုစမ်းသပ်ကြည့်လိုကြတဲ့ မြန်မာမောင်နှံတွေလည်း ဤအဖြစ်ဆိုးကနေ ကင်းဝေးအောင်မိန်းကလေးကို အပေါ်စီးကတက်ဆက်ဆံစေပါကစိတ်လိုက်မာန်ပါမလုပ်မိဖို့ ဒေါသမကြီးဖို့ (လောဘမကြီးဖို့) လမ်းကြောင်းတဲ့အောင်လုပ်ဖို့ သတိဆောင်စေလိုပါကြောင်း။ ရှက်လို့ ဆေးကုသမခံပဲတော့ မနေလိုက်ပါနဲ့။တသက်လုံး လူစဉ်မမီ နောင်တရမဆုံးတဲ့ဘဝကို မလိုချင်ကြပါနဲ့။ အားလုံးပဲ လမ်းကြောင်းတည့်ပြီး အစဉ်ပြေချောမွေ့ကြပါစေ။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်