သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 27 July 2013

ထိုင်းနိုင်ငံတွင် စတန့်ပြကွက် ပြသနေစဉ် အတွင်း စတန့်ပြသူ၏ ဦးခေါင်းကို မိကျောင်းကိုက်

ထိုင်းနိုင်ငံတွင် စတန့်ပြကွက် ပြသနေစဉ် အတွင်း စတန့်ပြသူ၏ ဦးခေါင်းကို မိကျောင်းကိုက်
ဗန်ကောက်  ဇူလိုင်  ၂၆
ထိုင်းနိုင်ငံ ဆူမက်ပရာကန်မြို့ တွင် လွန်ခဲ့သည့် သီတင်းပတ် အကုန်က မိကျောင်း စတန့်ပြကွက် ပြသနေစဉ် အတွင်း မိကျောင်းတစ်ကောင်သည် ၎င်းအား လေ့ကျင့်ပေး
သူ၏ ဦးခေါင်းကို ကိုက်ခဲ့ကြောင်း သိရသည်။


 မိကျောင်းကိုက်ခံရသည့် အသက် ၂၇ နှစ်အရွယ်ရှိ ပရာပစ် ဆူမီးဆိုသူသည်  လွန်ခဲ့သည့် ရှစ်နှစ်ကတည်းက မိကျောင်း၏ ပါးစပ်အတွင်း ၎င်း၏ခေါင်းကိုထည့် ၍ စတန့်ပြကွက် ပြခဲ့သူဖြစ်သည်။ တစ်ကြိမ်တစ်ခါမှ ထိခိုက် ဒဏ်ရာရခဲ့ဖူးခြင်း မရှိသော်လည်း ယခုပြုလုပ်ခဲ့သည့် စတန့်ပြကွက် ပြသနေစဉ် အတွင်း၌ ကြည့်ရှုသူ ပရိသတ်များကို အံ့အားသင့် စေသည်။ ပရာပစ်သည် မိကျောင်း၏ပါးစပ် အတွင်းမှ သူ၏ဦးခေါင်းကို ပြန်လည် ထုတ်နိုင်ခဲ့သော်လည်း သူ၏မျက်နှာနှင့် လည်ပင်းတွင် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။ ပရာပစ်သည် စိုစွတ်သောမြေတွင် ခြေချော်ခဲ့ရာမှ  ယခုကဲ့သို့ မတော်တ ဆ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအဖြစ်အပျက်သည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း  စတန့်ပြကွက် ပြသသူများအား သတိနှင့် လုပ်ဆောင်ကြရန်  အမြဲ သတိပေး ထားကြောင်းဖြင့် မိကျောင်း မွေးမြူရေး ခြံပိုင်ရှင်က ပြောကြားခဲ့သည်။  
မြ၀တီ 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်