သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 15 July 2013

၁၆-၇-၂၀၁၃ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် လူ့အခွင့်အရေးကို ကာကွယ်ရန် တိုက်တွန်း



သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး ဗြိတိန်ခရီးစဉ်တွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က လူ့အခွင့်အရေးကို ကာကွယ်ရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်စလင်များကို ပစ်မှတ်ထားသော အကြမ်းဖက်မှုများအား အထူးစိုးရိမ်ကြောင်း ဒေးဗစ်ကင်မရွန်က ဇူလိုင် ၁၅ ရက်က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်က သမ္မတ ဖြစ်လာခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာနှင့် အထီးကျန် ဝေးကွာနေသော မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ ပြန်လည်ဝင်ဆံ့ရန် ဆက်လက် ကြိုးပမ်းနေချိန်တွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ခြင်း ဖြစ်သည်။

လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း၊ အမှတ် (၁၀) ရုံးရှေ့တွင် ကောဇောနီခင်းကာ သမ္မတကို ကြိုဆိုခဲ့သော ကင်မရွန်က ဦးသိန်းစိန်၏ သမိုင်းဝင် ခရီးစဉ်တွင် တွေ့ဆုံခွင့် ရခြင်းကို အလွန် ကျေနပ်မိကြောင်း ဆိုသည်။

ယမန်နှစ်က မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်က ''ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဆောင်ရွက်နေမှုနှင့်အတူ လူ့အခွင့် အရေးကို ကာကွယ် စောင့်ရှောက်မှု၊ ဒေသ ပဋိပက္ခများကို ကိုင်တွယ် ဖြေရှင်းမှုတို့တွင်လည်း ပိုမိုအရေးယူ ဆောင်ရွက်မှုကို မြင်တွေ့လိုကြောင်း'' ပြောကြားခဲ့သည်။

ထို့အပြင် ကင်မရွန်က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကို အားပေးရန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လိုအပ်နေကြောင်း နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ သဘောထားကို လက်ခံထားပြီး ''ဗြိတိန်နဲ့ မြန်မာနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်ရန် နယ်ပယ် အများအပြား ရှိသည်ဟု ယုံကြည်ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အကူအညီ ပေးရေးနှင့် ဖွံ့ဖြိုးရေး ဆက်ဆံမှုတို့အပြင် နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ဆက်နွှယ်မှုများလည်း မြင့်တက်နေကြောင်း'' ပြောကြားခဲ့သည်။ သို့သော်လည်း ဗြိတိန်ဝန်ကြီးချုပ်က မည်သည့် စစ်ဘက်ဆိုင်ရာ ဆက်နွှယ်မှုများ ဆိုသည်ကို သတ်မှတ် ပြောကြားခဲ့ခြင်း မရှိပေ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။ ထိုမှတစ်ဆင့် ထိုင်းလေကြောင်း ခရီးဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၅ မိနစ်တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်ရှိခဲ့ရာ နိုင်ငံတော် သမ္မတနှင့် အဖွဲ့အား ဗြိတိန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး၏ အထူးကိုယ်စားလှယ် အငြိမ်းစား သံအမတ်ကြီး Mr. Bill Hemderson LVO MBE ဗြိတိန်ဘုရင့် နန်းတော်မှ တာဝန်ရှိသူများ၊ မြန်မာသံအမတ်ကြီးနှင့် ၀န်ထမ်းများက ဟီသရိုး အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်