သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 14 July 2013

၁၄-၇-၂၀၁၃ နာမည်ကျော် ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ ပြည်တွင်းဝင်ရောက်


 ဂျပန်အခြေစိုက် နာမည်ကျော် ဆောက်လုပ်ရေးကုမ္ပဏီ Sumitomo Mitsui Construction သည် မြန်မာနိုင်ငံဆိုင်ရာ တရားဝင်ကုမ္ပဏီခွဲ ဖွင့်လှစ်ရန် ယခုလအတွင်း မှတ်ပုံတင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရှိရသည်။


အဆိုပါကုမ္ပဏီသည် ရန်ကုန်မြို့တော် ဗဟန်းမြို့နယ်ရှိ Myanmar YKK Golden Hill Towers ကို တည်ဆောက်ခဲ့သည့် ကုမ္ပဏီဖြစ်ပြီး ရန်ကုန်တွင် ရုံးခွဲဖွင့်လှစ်ထားသော်လည်း ယခုမှသာ တရားဝင် ရုံးခွဲဖွင့်လှစ်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း DICA ထံမှ သိရသည်။

ထို့အပြင် ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် Mass Rapid Transport (MRT) System တည်ဆောက်ရန် ကြိုးပမ်းနေသော အင်ဒိုနီးရှားကုမ္ပဏီ Acset Myanmar Ltd နှင့် မိတ်ဖက်ကုမ္ပဏီအဖြစ် အင်ဒိုနီးရှားနိုင်ငံတွင် MRT System တည်ဆောက်နေသည်။

“တိုင်းပြည်ဖွံ့ဖြိုးလာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေပါ တက်လာတာပေါ့။ ဆောက်စရာတွေက အများကြီးပဲ။ ဟိုတယ်တွေ၊ စက်ရုံတွေ၊ ခေတ်မီ အဆောက်အအုံကြီးတွေ စသဖြင့်ပေါ့။ နောက်ပိုင်း အနောက်တိုင်းက ဆောက်လုပ်ရေးကုမ္ပဏီတွေ ပါဝင်လာဦးမယ် ထင်တယ်” ဟု ပြည်တွင်းစက်မှု လုပ်ငန်းကုမ္ပဏီကြီးတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရန်နောင်က ဆိုသည်။

Sumitomo Mitsui Construction သည် ဟိုတယ်နှင့် အပန်းဖြေစခန်းများ၊ ရုံးအဆောက်အအုံများ၊ ရထားလမ်းများ၊ ဆည်များ၊ အကြီးစားစက်ရုံများ၊ တံတားများနှင့် တူးမြောင်းတည်ဆောက်ရေး လုပ်ငန်းများကို ကမ္ဘာအနှံ့တွင် လုပ်ကိုင်နေသည်။

Sumitomo Mitsui Construction ကုမ္ပဏီကို ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့အင်အားအကြီးဆုံး စီးပွားရေး ကော်ပိုရေးရှင်းကြီးများ စာရင်းတွင် ပါဝင်သည့် နာမည်ကျော် Sumitomo ကုမ္ပဏီအုပ်စုဝင် ကုမ္ပဏီတစ်ခု ဖြစ်သည်။

DICA က ထုတ်ပြန်ထားသော စာရင်းများအရ ယခုနှစ်ဇွန်လအ ထိ ပြည်ပမှ ဆောက်လုပ်ရေး ကဏ္ဍတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသော ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၇၆၇ သန်းရှိသည်။

The Voice Weekly

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်