သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 30 July 2013

လပြည့်ဝန်းပလာဇာတွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန်၊ ဇူလိုင် ၃၀

၃၀.၇.၂၀၁၃ ရက်နေ့ ၁၂၂၀အချိန် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊
န၀ဒေးလမ်းနှင့်အလံပြဘုရား လမ်းရှိ လပြည့်ဝန်းပလာဇာ၏ (၆)လွှာ၊
အနောက်ဘက်(ယာ)ခန်း သဘောင်္ဆေးပုံးအခွံများနှင့် အဆောက်အဦး
ဆောက်လုပ်ပြုပြင်ရာတွင်ကာရံအသုံးပြုသည့် နိုင်လွန်ပိုက်ကွန်များထား
ရှိရာအခန်း ၌ 



မီးလောင်မှုဖြစ်ပွားသဖြင့်အဆိုပါနေရာသို့မီးသတ်ယာဉ်
(၁၁)စီး၊အုပ်ချုပ်မှုယာဉ်(၅)စီး၊အထောက်အကူပြုယာဉ်(၆)စီးတို့ဖြင့်
မီးငြိမ်းသတ်ခဲ့ရာ ၁၂၃၀ အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်နေရာသို့ ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာ
ဝန်ကြီး၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ အကူတပ်ဖွဲ့ခွဲမှူး၊ အနောက်ပိုင်း
ခရိုင်ရဲတပ်ဖွဲ့မှူး၊ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူတို့မှ ရောက်ရှိ
စစ်ဆေးခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ဆက်လက်စုံစမ်းစစ်ဆေးလျက်
ရှိကြောင်းသတင်းရရှိပါသည်။

 Yangon Police

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်