သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 27 May 2013

လားရှိုးမြို့နယ် အတွင်း လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

လားရှိုးမြို့နယ် အတွင်း လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ
နေပြည်တော် မေ ၂၇
တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှားဝါးလ် တိုးဂိတ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် မေ ၂၇ ရက် နံနက် ၂နာရီ ၂၀မိနစ်ခန့်က လားရှိုးမြို့မှ သိန်းနီမြို့ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော 

၃င/၄၁၂၀ မတ်တူး အဖြူရောင်ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့်စေရာ ယာဉ်မှာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး၍ ပူးပေါင်း အဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေစဉ် နံနက် ၃နာရီခွဲတွင် သိန်းနီမြို့နယ်၊ မိုင်းလီအုပ်စု၊ နားဆော့ကျေးရွာ ဘုန်းကြီးကျောင်းရှေ့၌ ယာဉ်အား တွေ့ရှိခဲ့သည်။
 
အဆိုပါ ယာဉ်အား သိန်းနီမြို့မ ရဲစခန်းတွင် အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်နောက်အဖုံးအတွင်းမှ အမ်-၂၂ ခေါက်ဒင် (၁၁)လက်၊ အမ်-၇၉ (၄၀)မမ ဗုံးပစ် လောင်ချာ (၃) လက်၊ အမ်-၁၆ (၄)လက်၊ အမ်-၂၂ (၃)လက်၊ BERETTA ပစ္စတို (၁) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ(၂၂)လက်နှင့် အမ်-၂၂ ကျည်အိမ် (၂၄)ခု၊ အမ်-၁၆ ကျည်အိမ်(၄)ခု၊ ပစ္စတိုကျည်အိမ် (၂)ခု၊ LUGER အမျိုးအစား ၉-မမ ကျည် (၅၀)တောင့်၊ ၅.၅၆ ကျည် ၂၅၅၉ တောင့်တို့အား သိမ်းဆည်း ရမိခဲ့ပြီး၊ 
 
အနီး ပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေရာ နားဆော့ကျေးရွာ အနောက်ဘက် ချုံပုတ် အတွင်းမှ အမ်-၂၂ သေနတ် (၁၀)လက်အား ထပ်မံ သိမ်းဆည်းရမိခဲ့ပါသည်။
 
၎င်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအား ဖမ်းဆီးရမိရေး တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင် များက စုံစမ်း ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
  
 
  
မြဝတီ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်