သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 25 May 2013

နေပြည်တော် ရန်ကုန် အမြန်လမ်း ခရီးသည်တင်ကားတစ်စီး တိမ်းမှောက် ၊သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး


ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာ သွားသော မန်းရွှေမြို့တော် ခရီးသည်တင် ယာဉ် လိုင်းမှ ကားတစ်စီးသည် ၁၂၅ မိုင် ၄ ဖာလုံ အရောက်တွင် အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လိုက်ပါ စီးနင်း 
လာသော ခရီးသည် ၂၆ ဦးမှ ၁၁ ဦး သည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။ 

အဆိုပါ ယာဉ်တိမ်းမှောက်မှု မှ သေဆုံးသူများထဲတွင် သံဃာတော်တော် တစ်ပါး ပါဝင်ကြောင်း၊ထို့ပြင် နိုင် ငံခြား သား ခရီသွား ဧည့်သည် တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိနေသော ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်နေ ဦးကျော်မိုးအောင်က ဆက်သွယ်ပြော ကြားသည်။
" ကားကတော့ တော်တော် ကြီးပျက်စီးသွားတယ် ၊ရစရာတောင်မရှိသလောက်ပဲ၊လောလောဆယ် တာဝန် ရှိ သူတွေရဲ့ စစ်ေ ဆးချက်အရ ၁၁ ဦးဆုံးသွားတယ်လို့ ပြောနေတယ်" ဟု၎င်းက ပြောသည်။
Popular Myanmar

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်