သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 25 May 2013

ဒရုန်းလေယာဉ်အသုံးပြုခြင်းဟာတရားသောစစ်ကိုဆင်နွှဲခြင်းဖြစ်သည်ဟုအိုဘားမားပြော

Photo: ဒရုန်းလေယာဉ်အသုံးပြုခြင်းဟာတရားသောစစ်ကိုဆင်နွှဲခြင်းဖြစ်သည်ဟုအိုဘားမားပြော
Sunday, May 26, 2013

အမေရိကန်သမ္မတ အိုဘား မားက အယ်လ်ကေဒါ စစ်သွေး ကြွများအား အမေရိကန်စစ် ဘက်မှ မောင်းသူမဲ့ ဒရုန်းလေ ယာဉ်များအသုံးပြုတိုက်ခိုက်ခြင်း မှာ တရားတယ်၊ မျှတတယ်၊ သဘာဝကျတယ်၊ မှန်ကန်တယ် ““တရားသောစစ်”” (Just war) ကို ဆင်နွှဲခြင်းဖြစ်တယ်ဟု မေလ ၂၃ ရက်က ၀ါရှင်တန်တွင် ကျင်းပ သော ““နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်””ကျောင်းဆင်းမိန့်ခွန်း တစ်ရပ်တွင် ထည့်သွင်းပြော ကြားသည်။

ကျွန်တော်တို့ ဒရုန်းလေ ယာဉ်တွေအသုံးပြုရခြင်းမှာ အမေရိကန်စစ်သည်တော်တွေ အကျအဆုံး အထိအခိုက်နည်း စေဖို့၊ အမေရိကန်ပြည်သူတွေကို အကာအကွယ်ပြုဖို့အတွက် အသုံး ပြုခြင်းသာဖြစ်ကြောင်း၊ စစ်ပွဲ တစ်ပွဲရဲ့ အရှုံး/အမြတ်ကို ထည့် တွက်ရာမှာ လူအသေအပျောက် အနည်းဆုံးနှင့် သုံးစွဲရသည့် အသုံးအဆောင်ပစ္စည်းပစ္စယနှင့် ငွေကုန်ကြေးကျ အနည်းဆုံးဖြစ် အောင် ထည့်တွက်ရမှာဖြစ် ကြောင်း၊ ဒါ့ကြောင့် ဒရုန်းလေ ယာဉ်များအသုံးပြုတိုက်ခိုက်ရခြင်း မှာ တရားမျှတကြောင်း အတိ အလင်းကာကွယ်ပြောကြားသွား သည်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအုပ်စုတို့က သမ္မတ က ဒရုန်းလေယာဉ်များ အသုံး ပြုခြင်းကြောင့် အရပ်သားပစ်မှတ် များကို ထိခိုက်အနာတရဖြစ်စေ သည်ဟု ကန့်ကွက်ပြောကြားမှု များကို ရည်ရွယ်၍ သမ္မတအို ဘားမားက ယင်းသို့ကာကွယ် ပြောကြားခြင်းဖြစ်သည်။
သမ္မတက ““မိမိတို့အနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲများ ကို မရပ်မနားဆင်နွှဲသွားမည်သာ ဖြစ်ကြောင်း၊ မိမိကိုယ်မိမိ ကာ ကွယ်ပိုင်ခွင့်အရ ဒရုန်းလေယာဉ် များကိုလည်း ဆက်လက်အသုံး ပြုရလေဦးမည်သာ ဖြစ်ကြောင်း(He Said, Perpetual, US War on terror, whether through drone strikes…would be self-defeating}စသည်ဖြင့် ပြောကြား သွားသည်။

ကျော်စိန်
The Hot News



အမေရိကန်သမ္မတ အိုဘားမားက အယ်လ်ကေဒါ စစ်သွေး ကြွများအား အမေရိကန်စစ် ဘက်မှ မောင်းသူမဲ့ ဒရုန်းလေ ယာဉ်များအသုံးပြုတိုက်ခိုက်ခြင်း မှာ တရားတယ်၊ မျှတတယ်၊ သဘာဝကျတယ်၊ မှန်ကန်တယ် ““တရားသောစစ်”” (Just war) ကို ဆင်နွှဲခြင်းဖြစ်တယ်ဟု မေလ ၂၃ ရက်က ၀ါရှင်တန်တွင် ကျင်းပ သော

 ““နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်””ကျောင်းဆင်းမိန့်ခွန်း တစ်ရပ်တွင် ထည့်သွင်းပြော ကြားသည်။
ကျွန်တော်တို့ ဒရုန်းလေ ယာဉ်တွေအသုံးပြုရခြင်းမှာ အမေရိကန်စစ်သည်တော်တွေ အကျအဆုံး အထိ အခိုက်နည်း စေဖို့၊ အမေရိကန်ပြည်သူတွေကို အကာအကွယ်ပြုဖို့အတွက် အသုံး ပြုခြင်းသာဖြစ်ကြောင်း၊ စစ်ပွဲ တစ်ပွဲရဲ့ အရှုံး/အမြတ်ကို ထည့် တွက်ရာမှာ လူအသေအပျောက် အနည်းဆုံးနှင့် သုံးစွဲရသည့် အသုံးအဆောင်ပစ္စည်းပစ္စယနှင့် ငွေကုန်ကြေးကျ အနည်းဆုံးဖြစ် အောင် ထည့်တွက်ရမှာဖြစ် ကြောင်း၊ ဒါ့ကြောင့် ဒရုန်းလေယာဉ်များအသုံးပြုတိုက်ခိုက်ရခြင်းမှာ တရားမျှတကြောင်းအတိ အလင်း ကာကွယ်ပြောကြား သွား သည်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအုပ်စုတို့က သမ္မတ က ဒရုန်းလေယာဉ်များ အသုံး ပြုခြင်းကြောင့် အရပ်သားပစ်မှတ် များကို ထိခိုက်အနာတရဖြစ်စေ သည်ဟု ကန့်ကွက်ပြောကြားမှု များကို ရည်ရွယ်၍ သမ္မတအို ဘားမားက ယင်းသို့ကာကွယ် ပြောကြားခြင်းဖြစ်သည်။

သမ္မတက ““မိမိတို့အနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲများကို မရပ်မနားဆင်နွှဲ သွားမည် သာ ဖြစ်ကြောင်း၊ မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့်အရ ဒရုန်းလေယာဉ်များကိုလည်း ဆက်လက် အသုံး ပြုရလေဦးမည်သာ ဖြစ်ကြောင်း(He Said, Perpetual, US War on terror, whether through drone strikes…would be self-defeating}စသည်ဖြင့် ပြောကြား သွားသည်။

ကျော်စိန်
The Hot News

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်