သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 27 May 2013

ခိုးမှုအမှုဟောင်း ၁ မှု ဖော်ထုတ်ရရှိခြင်း

 
 

၂၆-၅-၂၀၁၃ ရက်နေ့ ၂၃၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ခွဲ (၂)မှတပ်ဖွဲ့ဝင် များသည် ခိုးမှုကျူးလွန်ထားကြောင်း သတင်းရရှိသူ မခင်သန္တာ(ခ)ခင်လေး၊ ၂၄ နှစ်၊ (ဘ) ဦးမြလှိုင်၊ ဆာဖာချောင်ရပ်ကွက်၊ ဒလမြို့နယ်နေသူအား ၄င်း၏နေအိမ်မှ

ဖမ်းဆီးရမိပြီး စစ်ဆေးခဲ့ရာ လှိုင်မြို့မ ရဲစခန်း (ပ) ၂၁၉/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၈၀ အမှုကိုကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိပြီး
အမှုမှပါဆုံး သွားသည့် MC ရွှေဆွဲကြိုး တစ်ကျပ်သား ၁ ကုံး၊
သရဖူပုံ ၂ ပဲသားခန့်ရှိ လော့ကတ်သီး ၁ ခု၊ တစ်ကျပ်သား
လက်ကောက် ၂ ကွင်း၊ တစ်ကျပ်ခွဲသားရှိ ရွှေလက်ကောက် ၄ ကွင်း၊ စုစုပေါင်းတန်ဘိုး ငွေကျပ်သိန်း ၃၀ ခန့်ကို ပြည်လည်သိမ်းဆည်း ရမိခဲ့ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်