သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 26 May 2013

ပါကစ္စတန်လေယာဉ်ပေါ်ပါ ကုလား နှစ်ဦးကို ဗြိတိန်ရဲဖမ်းဆီး


  ဗြိတိန်နိုင်ငံ လန်ဒန်မြို့နားက လေဆိပ်တခုကို လမ်းကြောင်းလွှဲ ဆင်းသက်ခဲ့ရတဲ့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းပိုင် လေယာဉ်တစင်းပေါ်မှာ ပါလာတဲ့ လူ ၂ ယောက်ကို ဗြိတိန်ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ Lahore မြို့ကနေ Manchester မြို့ဆီကို သွားတဲ့လေယာဉ်ကို တော်ဝင်လေတပ် တိုက်လေယာဉ်တွေ က ကြားဖြတ်တားဆီးပြီး၊ Stansted လေဆိပ်ကို ဆင်းသက်စေခဲ့ပါတယ်။


တာဝန်ရှိသူတွေရဲ့ အပြောအရ လူ ၂ ယောက်ဟာ လေယာဉ်ကို အန္တရာယ်ဖြစ်အောင်လုပ်တယ်လို့ သံယသရှိမှုနဲ့ လေယာဉ်ဆိုက်ရောက် ချိန်မှာ သူတို့ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

လန်ဒန်မြို့ရပ်ကွက်တခုရဲ့ လမ်းပေါ်မှာ ဗြိတိန် စစ်သားတယောက် ဓားနဲ့ခုတ်သတ်ခံ ရမှုဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ ခုလို ဗြိတိန်ဆီလာတဲ့ လေယာဉ်ပျံပေါ် မှာ ပြဿနာဖြစ်တာဖြစ်ပါတယ်။ အဲဒီဓားခုတ်သတ်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်လို့ ယုံကြည်ကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။
VOA-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်