သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 25 May 2013

ဂမ်းနမ်စတိုင် တေးသီချင်းအား စွန့်လွှတ်နိုင်ရန် ကြိုးပမ်းမည်ဟု Psy ပြောကြား

 ဂမ်းနမ်စတိုင် တေးသီချင်းအား စွန့်လွှတ်နိုင်ရန် ကြိုးပမ်းမည်ဟု Psy ပြောကြား
ဆိုးလ် မေ ၂၄
ကမ္ဘာကျော် တောင်ကိုရီးယား ရက်ပ်အဆိုတော် Psy က သူ၏ အောင်မြင်သော တေးသီချင်း တစ်ပုဒ်ဖြစ်သည့် ဂမ်းနမ် စတိုင် တေးသီချင်းအား နောက်ပိုင်းတွင်  စွန့်လွှတ်ရန် ကြိုးပမ်းသွား မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 
ဂမ်းနမ်စတိုင် တေးသီချင်းသည် အံ့သြဖွယ် အောင်မြင်မှု ရရှိခဲ့သည့် တေးသီချင်းဖြစ်ကြောင်း၊ အံ့သြဖွယ် ရာ အောင်မြင်မှုသည် နှစ်ကြိမ်မရှိ နိုင်ကြောင်း၊ အနုပညာဂီတ ခရီးလမ်းကို ဆက်လျှောက်ရ မည် ဖြစ်သဖြင့် ဂမ်းနမ်စ တိုင် တေးသီ ချင်း နှင့် ပင်ရပ်တည်၍ မရကြောင်း စင်ကာပူနိုင်ငံ Marina Bay Sands ၌ ကျင်းပသော Social Star ဆုပေးပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့သည့် Psy က ဆိုသည်။
စင်ကာပူ နိုင်ငံသို့ ဒုတိယ အကြိမ် အဖြစ် ယခုအလည်အပတ် ရောက်ရှိစဉ်တွင် သူ၏ နောက်ဆုံး တေး သီချင်းဖြစ်သည့် Gentlemen တေးသီချင်းကို ဖျော်ဖြေသွားမည် ဖြစ်ကြောင်း Master Card ပြဇာတ်ရုံတွင် ပြု လုပ်သော သတင်းစာ ရှင်းလင်းပွဲ၌  Psy ကပြောကြားခဲ့သည်။
မေ ၂၃ ရက်က ကျင်းပခဲ့သော Social Star ဆုပေးပွဲ အခမ်းအနားတွင် ဟောလီးဝုဒ် စူပါစတား ဂျက်ဆီကာ အယ်လ်ဘာ က အစီအစဉ် တင်ဆက်သူ အဖြစ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ You Tube ဝက်ဘ်ဆိုက်တွင် ပရိ သတ် အားပေးမှုကို အထူးရရှိ ထားသော  ဗြိတိသျှ အဆိုတော် ကာလီရေး ဂျက်ဆန်၊ အေရိုစမစ်၊ စီလိုဂရင်း၊ Sky Blu အဖွဲ့နှင့် Blush အမျိုးသမီး အဆို အဖွဲ့တို့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြောင်း သိရသည်။
မြဝတီ-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်