သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 30 May 2013

အင်းစိန်းမြို့နယ်ရဲတပ်ဖွဲ့မှခိုးမှုဖေါ်ထုတ်ဖမ်းဆီးရမိ

Yangon Police
၂၀.၅.၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် အင်းစိန်အကျဉ်းဦးစီးဌာနလိုင်း
နေ ဦးမြင့်အောင်သည် အလုပ်သို့သွားခဲ့ပြီး မိသားစုများမှလည်း
အလုပ်ဖြင့် အပြင်သို့သွားရောက်စဉ် နေအိမ်အား



သော့မပိတ်ဘဲထားခဲ့ရာမှ ၂၁.၅.၂၀၁၃ ရက်နေ့တွင် အိပ်ခန်းအတွင်းရှိ သေတ္တာအားကြည့်ရာ သော့ပွင့်နေသည်ကို
တွေ့ရပြီး ငွေစက္ကူရောရာ ၁၀၈၀၀၀၀ိ/-မှာပျောက်ဆုံးနေသဖြင့် အရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ အင်းစိန်မြို့မရဲစခန်းမှ
(ပ)၅၆၃/၂၀၁၃ ပုဒ်မ ၃၈၀ ဖြင့်အရေးယူခဲ့ပါသည်။
အမှုနှင့်ပါတ်သက်၍ အင်းစိန်မြို့မရဲစခန်းမှ စုံစမ်းဖေါ်ထုတ်ခဲ့ရာ ခိုးမှုဖြင့်ကျော်ဇောသတင်းရှိပြီး အခင်းဖြစ်အိမ်သို့ဝင်ထွက်
သွားလာလေ့ရှိသူ အင်းစိန်မြို့နယ်နေ
ငြိမ်းချမ်းအောင်(ခ)အရှည်ကြီးနှင့် အောင်ခိုင်မြင့်(ခ)ကျန်ကျောင်း
တို့(၂)ဦး အားဝေါမြို့တွင်ဖမ်းဆီးရမိခဲ့ပြီးစစ်ဆေးခဲ့ရာ ၎င်းတို့သည် အခင်းဖြစ်နေ့တွင် သူငယ်ချင်းဖြစ်သူ ဦးမြင့်အောင်၏သား မောင်လှိုင်ထက်အောင်ထံသို့သွားစဉ်
နေအိမ်တွင်လူမရှိဘဲတံခါးပွင့်နေ၍ ၀င်ရောက်ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
၎င်းတို့ထံမှ ခိုးယူရရှိငွေများဖြင့်ဝယ်ယူထားသည့်
အသုံးအဆောင်ပစ္စည်း ၃၃ မျိုးနှင့် သုံးစွဲပြီးကျန်ငွေ၁၃၀၀၀၀ိ/- တို့အား ပြန်လည်သိမ်းဆည်းရမိကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်