သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 29 May 2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ ခိုးမှုများ ဖော်ထုတ်ဖမ်းဆီး



၁၉.၅.၂၀၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ သည် ခိုးမှုဖောက်ထွင်းမှုများနှင့်ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ်၊ တံတားလေးဘူတာအနီးတွင် တွေ့ရှိသူ ပြည့်ဖြိုးအောင်

(ခ)ပြည့်ဖြိုး(ခ)ဒေါ့ဂျစ်၊ (ဘ)ဦးမောင်မြင့်၊ မရမ်းကုန်းမြို့နယ်နေသူနှင့် မသင်းသင်းအိ(ခ) မသက်အိထွေး၊ (ဘ)ဦးတင်ဌေး၊ မ/ဥက္ကလာပမြို့နယ်နေသူတို့(၂)ဦးအား ဖမ်းဆီး စစ်ဆးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၂၀၁၃ ခုနှစ်၊ မေလအတွင်း နေ့ရက်မမှတ်မိ
နေ့အချိန် မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း စွန့်ပစ်ပစ္စည်းများလိုက်လံကောက်ယူစဉ် နောက်ဖေးလမ်းကြား
တစ်ခုသို့ ၀င်ရောက်ခဲ့ပြီး တိုက်ခန်းတစ်ခန်း၏ နောက်ဖေးတံခါးမကြီး မှဝင်ရောက်၍ လျှပ်စစ်ကွိုင် ပြုလုပ်ရာတွင် အသုံးပြုသည့် (၂၇)ဂိတ် ကြေးကြိုးခွေ(၂)ခု၊ အလေးချိန်(၂၀)ပိဿာခန့်အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ
ဆောင်ရွက် ခဲ့ပါသည်။
၎င်းတို့(၂)ဦးအား အခြားခိုးမှုများဖြင့် ဆက်လက်တိုက်ဆိုင်
စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးနှင့်အတူ ဖိုးသား(ခ)နထူကြီး၊
(ဘ)ဦးအောင်နိုင်၊မရမ်းကုန်းမြို့နယ်နေသူနှင့်
နိုင်လင်းအောင်(ခ)ယုန်ပေါက်၊ (ဘ)ဦးအောင်မြင့်၊ မ/ဥက္ကလာပမြို့နယ်နေသူပါ(၄)ဦးတို့သည် ၂၀၁၃ခုနှစ်၊ မေလအတွင်း နေ့ရက် မမှတ်မိ နံနက်ပိုင်းတွင် စွန့်ပစ်ပစ္စည်းများအား မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်း နောက်ဖေးလမ်းကြား များသို့ဝင်ရောက်ကောက်ယူစဉ် ပျဉ်ထောင်(၂)ထပ်နေအိမ်၏ နောက်ဖေးတံခါးအားဆွဲဖွင့်ရာပွင့်သွား သဖြင့် နေအိမ်အတွင်းဝင်ရောက်၍အတွင်းရှိ လျှပ်စစ်ဟင်းအိုး၊
ဓါတ်ဗူး၊ စတီးချိုင့်၊ ထမင်းပေါင်းအိုး စသည့်အိမ်သုံးပစ္စည်း
မျိုးစုံ(၂၅)မျိုး၊ တန်ဘိုး(၁၇၆၅၀၀၀ိ/-)အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင် ဖိုးသား(ခ)နထူကြီးနှင့် နိုင်လင်းအောင်(ခ)ယုန်ပေါက်တို့
(၂)ဦးသည် ၂၀၁၃ ခုနှစ်၊ သင်္ကြန်ကာလအတွင်း နေ့ရက်မမှတ်မိ
နေ့အချိန် တွင် မရမ်းကုန်းမြို့နယ်၊ စွယ်တော်ဘုရားငါးကန်အနီးရှိ 
 လူမနေသည့်နေအိမ်တစ်အိမ်အတွင်းသို့ နောက်ဖေးတံခါးမကြီးအား ဆွဲဖွင့်ဝင်ရောက်ခဲ့ပြီး တီဗွီ၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်ရေနွေးအိုး စသည့်အိမ်အသုံးအဆောင်ပစ္စည်းများ တန်ဘိုး(၂၅၀၀၀၀ိ/-)အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မရမ်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်