သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 22 May 2013

---၄၃လိုင်းကားပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်ထံမှ နှိုက်သည့် ခါးပိုက်နှိုက်အားဖမ်းဆီးရမိခြင်း---

https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-prn1/922734_330006230461984_2009626569_n.jpg
၂.၄.၂၀၁၃ ရက်နေ့က ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိရင်ချွမ်း သည်အောင်မင်္ဂလာ အဝေးပြေးမှ လှည်းတန်းသို့ ၄၃လိုင်း၊ ဒိုင်နာအဖြူရောင်ကားစီး၍ သမိုင်းလမ်းဆုံတွင် ဆင်းခဲ့ပြီး ဘေးလွယ်အိတ် မှာဇစ်ပွင့်နေသဖြင့် စစ်ဆေးကြည့်ရာ ငွေကျပ်(၆)သိန်းနှင့် စိစစ်ရေးကဒ်ပြား ပျောက်ဆုံးနေသဖြင့် 


အရေးယူပေးပါရန်မရမ်းကုန်းရဲစခန်းသို့ တိုင်တန်းခဲ့ပါသည်။
 အမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းမှုခင်းအကူအဖွဲ့မှစုံစမ်းလျက်ရှိရာ ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ သက်ဆွေဖြိုး၊ (၉၃) ရပ်ကွက်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် နေသူအား မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလားဈေးတွင်ဖမ်းဆီး ရမိသဖြင့် ခါးပိုက်နှိုက်မှုလက်ကျန်များနှင့်တိုက်ဆိုင်စစ်ဆေးရာ လွန်ခဲ့သော ဧပြီလအတွင်း ၄၃ လိုင်းကား ပေါ်တွင် အမျိုးသမီးတစ်ဦးထံမှ ငွေ(၆)သိန်း နှိုက်ယူရရှိခဲ့ကြောင်း၊ပိုက်ဆံအိတ်နှင့် စိစစ်ရေးကဒ် တို့အား သမိုင်းကုန်းတံတားပေါ်မှ လွှင့်ပစ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပြီး နှိုက်ယူရရှိငွေဖြင့် ၀ယ်ယူ ထားသည့် FOLLOW ME WAVE 125 အဖြူရောင်ဆိုင်ကယ်အား သိမ်းဆည်း
အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်