သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 25 May 2013

---သံဃာတော်များအား ဆင်းတွန်းခိုင်းပြီး မောင်းပြေးသော Probox TAXI ယာဉ်အား ရဲတပ်ဖွဲ့မှ ၂၂ နာရီ အ တွင်း ဖော်ထုတ်ဖမ်းဆီး

၂၃.၅.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်တွင် သီလဘန်ကျောင်းတိုက်နေ ဆရာတော်ဦးနန္ဒသာရသည် ရေးမြို့ မှ အောင်မင်္ဂလာအဝေးပြေးသို့ ရောက်ရှိလာပြီး Probox အဖြူရောင် အဌားယာဉ် (နံပတ်မမှတ်မိ)အား အတူ ပါ ဆရာတော် ဦးကောဝိဒ နှင့်အတူဌားရမ်းစီးလာစဉ် ယာဉ်မောင်းမှ ကားပျက်သည်ဟုဆိုသဖြင့် ဆ ရာတော် များမှ ဆင်းတွန်းပေးရာ မောင်းနှင်ထွက်ပြေး သွား၍ ငွေ၊ ဟန်းဖုန်းနှင့် သံဃာအသုံးအဆောင် ပစ္စည်း များ ပါဆုံးသွားသဖြင့် တိုင်တန်းခဲ့သောကြောင့် မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားရှိ ခဲ့ ပါ သည်။
၎င်းအမှုအား မြောက်ပိုင်းခရိုင်အထူးအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ဆရာတော်ဦးနန္ဒသာရနှင့်အတူပါသူ ဦးေ ကာ ၀ိဒ (ခ) ထွန်းလွင်၊ (၅၀) နှစ်၊ (ဘ) ဦးအောင်ဖေ၊ ရေးမြို့နယ်၊ ဇော်မင်း (ခ) လှကြိုင် (စုံစမ်းဆဲ) နှင့်
BB 6672 ပရိုဘောက်အဖြူရောင်အဌားယာဉ်မောင်းဖြစ်သူ အောင်လွင်ဦး (၂၇) နှစ်၊ (ဘ) ဦးလှစိုး၊ သ မိုင်းမြို့ သစ်ရပ်၊ မရမ်းကုန်းမြို့နယ်နေသူတို့မှ ပူးပေါင်းကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့၍ ဦးကောဝိဒနှင့် အောင် လွင်ဦးတို့အား ၂၄.၅.၂၀၁၃ နေ့ ၂၃၀၀ အချိန် ဖမ်းဆီးရမိပြီး ကျန်တရားခံ ဇော်မင်း (ခ) လှကြိုင် အားဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Yangon Police

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်