သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 31 May 2013

ဒေါ်အောင်ဆန်းစုကြည်၏ အပြောကြောင့် ကလေးမွေးနှုန်း ကန့်သတ်ချက် ရုတ်သိမ်းဖို့ ကုလတောင်းဆို


Google image မှ---------------------------------------------------------------------------------------
ဘင်္ဂလီ တစ်မိသားစု ကလေး နှစ်ယောက် ပေါ်လစီဟာ လူ့အခွင့် အရေးနဲ့ မညီဘူးလို့ ဒေါ်အောင်ဆန်း စု ကြည် မှ ပြင်းပြင်း ထန်ထန် ကန့်ကွက်ပြီးနောက်မှာ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ ရခိုင်ပြည် နယ် ဘူး သီးတောင်-မောင်တောမြို့နယ်တွေမှာ တစ်အိမ်ထောင် ကလေး ၂ ယောက်ထက် ပိုမယူရ ဆိုတဲ့ ညွှန်ကြား ချက်ကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂ က တောင်းဆို လိုက်ပါတယ်။
ဒီကန့်သတ်ချက်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးပဋိဥာဉ်ပါ အခြေခံအခွင့်အရေးတွေကို ချိုးဖေါက် ရာေ ရာက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရသူ မစ္စတာ Edurado Buey က ပြော ပါတယ်။
ဘူးသီးတောင်-မောင်တောဒေသမှာ တချို့မွတ်စလင်တွဟာ ဇနီးတစ်ယောက်ထက်ပိုယူကြသလို သား သမီးတွေကိုလဲ အထိန်းအကွပ်မရှိ မွေးဖွားနေကြတဲ့အတွက် လူဦးရေထိန်းချုပ်ဖို့ ၁၉၉ဝ လွန် စစ်အ စိုးရအုပ်ချုပ်စဉ်ကတည်းက ညွှန်ကြားချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။
RFA
----------------------------

ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်တွင်းက အစ္စလာမ်ဘာသာဝင်တွေ အများစု ရှိရာ မြို့၂ မြို့မှာ တအိမ်ထောင် ကလေး ၂ ယောက်ပဲ ယူဖို့ သတ်မှတ် လိုက်တဲ့ အစီအစဉ်ကို လက်မခံနိုင်တဲ့အကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက မူဆလင်မိသားစုတွေ အနေနဲ့ သားသမီး ၂ ယောက်ထက် ပိုမယူကြဖို့ ဒေသခံ အာဏာပိုင်တွေက အမိန့်ထုတ်ပြန် ထားတယ်လို့ သိရတဲ့အကြောင်းနဲ့ ဒီမူဝါဒကို ဥပဒေအဖြစ် ပြဋ္ဌာန်းကျင့်သုံးမယ် ဆိုရင်တော့ ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်အဖြစ် သဘောထားရလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Eduardo del Buey က ကြာသပတေးနေ့ နယူးယောက်မြို့က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

ဒီမူဝါဒဟာ ဒေသခံ မူဆလင် ရိုဟင်ဂျာတွေရဲ့ အခြေခံ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့လည်း သတိပေးလိုက်ပါတယ်။ ကြာသပတေးနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ရိုဟင်ဂျာ မူဆလင်တွေအတွက် ရည်ရွယ်ပြီး ကျင့်သုံးမယ့် မူဝါဒဟာ ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ဆန့်ကျင်တဲ့အကြောင်း ထပ်မံပြောဆိုသွားပါတယ်။

ဒီမူဝါဒကို ပယ်ဖျက်ဖို့အတွက် မြန်မာအစိုးရရဲ့ အဆင့်မြင့် တာဝန်ရှိသူတွေကို ဖိအားပေး တိုက်တွန်း ထားတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောခွင့်ရသူ Jen Psaki ကပြောခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တချို့တို့ကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာ ဒေသမှာ အဆမတန် ကြီးထွားလာနေတဲ့ လူဦးရေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ မူဆလင် အိမ်ထောင်စု တခုမှာ ဇနီးမယား တယောက်ထက် ပိုမယူဖို့နဲ့ ကလေး ၂ ယောက်ထက် ပိုမမွေးဖို့ ရခိုင်ပြည်နယ် အစိုးရက မကြာသေးခင်ကပဲ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာသမ္မတရဲ့ ပြောခွင့်ရသူ ဒုတိယပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကတော့ ဒေသန္တရ အစိုးရရဲ့အစီအစဉ်နဲ့ ပတ်သက်လို့ ပြည်ထောင်စု အစိုးရက ကြိုတင်သိရှိထားတာမျိုး မရှိခဲ့တဲ့ အကြောင်းနဲ့ ဒီမူဝါဒကို လက်တွေ့ ကျင့်သုံးသင့်မသင့် ပြန်လည်သုံးသပ်ဖို့ ရှိတဲ့အကြောင်း ဒီသီတင်းပတ် အစောပိုင်းကပဲ ဗွီအိုအေကို ပြောဆိုထားတာ ဖြစ်ပါတယ်။

1 comment:

  1. “ ငါပြောရင် ရတယ် -ငါ့ကို အမေနဲ. အဖေက ဦးစားပေးထားတာ- ငါတစ်ချက် ငို ပြလိုက်တာနဲ. အကုန်ရတာပဲ ” -- ဒါကတော့ ဟိုးခလေးဘဝက တို.များရဲ့ မူ ဝါဒတစ်ခုပေါ့--
    အခုလို - ကိုယ်တိုင်က မိဖနေရာရောက်လာတဲ့အခါမှာ -“ဒါတွေဟာ မျက်ကန်း
    တောတိုး အလုပ်မျိုးတွေပါလား” ရယ်လို. နောင်တရမိပါတယ်--
    အင်း--မူဆလင်တွေက “ဘာသာရေးအလုပ်“ ဆိုပြီး မိန်းမ ငါးယောက်အထိ ယူခွင့်ရှိတယ် ။ ထားပါတော့--
    အိမ်တစ်အိမ်မှာ မိန်းမ ၃- ယောက်ပဲ ယူထား၊ မိန်းမတစ်ယောက်မှာ ခလေး ၃ -ယောက်မွေးမယ်- အဲဒီအိမ်မှာ မူဆလင်လေး ၉- ယောက် တိုးနေပြီ ။ ဒီအတိုင်းဆို မကြာမီ “မူဆလင်ရွာကြီး” တည်ထောင်နိုင်ြပီဆိုတော့ လူနည်းစု
    ဖြစ်သွားမယ့် ဒို.မြန်မာတွေကို အေးအေးဆေးဆေးနဲ. အုပ်စိုးနိုင်ြပီပေါ့ ။
    ကဲ--ဆက်ပြီးသာတွေးကြပါတော့ -- ခွင့်ပြုသင့်၏ - မသင့်၏ ----
    အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

    ReplyDelete

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်