သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 22 May 2013

***သဘာဝအလျောက် ကျက်စားနေသော တောယုန်များအား မိုးကြိုကာလတွင် အကောင်လိုက် ဖမ်းဆီးရောင်း ချမှု များလာ ***

သဘာဝအလျောက် ကျက်စားနေသော တောယုန်များအား မိုးကြိုကာလတွင် အကောင်လိုက် ဖမ်းဆီးရောင်း ချမှု များလာ
မုံရွာ မေ ၂ဝ
စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းနှင့် အုန်းတောကျေးရွာ အုပ်စုများအတွင်း သဘာဝအလျောက် လှည့်လည် ကျက်စား နေသော တောယုန်များကို မိုးကြိုကာလတွင် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းနှင့် အုန်းတော ကျေးရွာ အကြား မုံရွာ- မန္တလေး ကားလမ်းဘေး၌ လာရောက် ရောင်းချသူများ ပိုမိုများပြားလာကြောင်း သိရသည်။
 
အဆိုပါ ယုန်များကို လာရောက် ရောင်းချရာတွင် အုန်းတောကျေးရွာ အုပ်စု နတ်ခရိုင် ကျေးရွာရှိ မုံရွာ-မန္တလေး-ရွှေဘို ကားလမ်းဆုံ အနီး၌ ယုန်သား ရောင်းချသူ တစ်ဦးက ''နွေရာသီ ကာလတွင် တောယုန်များ အားလာရောက် ရောင်း ချကြသူ သုံးဦး၊ လေးဦးသာရှိပြီး ယခုလအတွင်း လာရောက် ရောင်းချကြသူ ၁၅ ဦး ရှိပါတယ်၊ ယခင်တုန်းက ယုန်များကို အမွေးနုတ်ပြီး ရောင်းချခဲ့ကြရာမှာ နောက်ပိုင်းတွင် ယုန်ကို အကောင် လိုက်ချရောင်း ခဲ့သဖြင့် ဝယ်ယူသူ ပိုမိုများပြား လာပါတယ်၊ ယုန်တစ်ကောင်ကို အကြီး အသေးပေါ် မူတည်ပြီး ငွေကျပ် ၄ဝဝဝ မှ ၉ဝဝဝ အထိ ရရှိပါတယ်၊ ယုန်များ ရှားလျှင် ရှားသလို ဈေးပိုမို ရရှိပါတယ်၊ ယုန်တွေက သဘာဝ ထင်းတောတွေမှာ ကျက်စား တတ်ကြပါတယ်၊ ယုန်ထောင် ကြသူများမှာ ညပိုင်းတွင် ပိုက်ကွန်ဖြင့် ထောင်ဖမ်းကြပြီး တစ်ရက်လျှင် ယုန်နှစ်ကောင်မှ ငါးကောင်အထိ ရရှိကာ နံနက်ခင်းမှ မွန်းလွဲ ပိုင်းအထိ မုံရွာ-မန္တလေး ကားလမ်းဘေး၌ လာရောက် ရောင်းချကြပါတယ်'' ဟု ပြောကြားပြီး ယခု မေလပိုင်း တွင် ယုန် ရောင်းချသူများ ပိုမိုများလာလျက် ရှိကြောင်း သိရသည်။
မြဝတီ-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်