သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 25 May 2013

လူနှစ်ယောက် ဓာတ်လိုက်သေပှုံနှင့် ဗီဒီယိုဖိုင်ဖြစ်ရပ်မှန်

..ဓါတ်လိုက်နေတဲ့ လူဟာ..လိုက်နေတုန်းသေတော့ မှာကို..သိနေလောက်တယ်......................။ ကိုယ်တွေ့ မို့ မှန်းကြည့် တာပါကျိမ်းသေရယ်လို့ မပြောတတ်ပါဘူး..၁၃နှစ်အရွယ်..၇တန်းလောက်မှာ ရှင်ပြုခါနီးပေါ့ လေ...အရင်တုန်းက ဂျပန်မိတ် စားပွဲတင်ပန်ကာတွေက ဘော်ဒီ တစ်ခုလုံး သံ အုံ တွေလေ..ခလုပ်လေး ဘဲ ပလပ်စတစ်ပါတာ၊ အဲဒိ ပန်ကာက ၄ပေခွဲလောက်မြင့် တဲ့  ဘီဒိုပေါ်မှာ၊အဲဒိ ဘီဒိုက အိမ်ရှေ့ ဧည့် ခန်းကသံမံတလင်းမှာ..ကျနော်က ၄ပေ မရှိတစ်ရှိလောက်..သံမံတလင်းပေါ် ဖိနပ်မစီးဘဲ ခြေဖျားသက်သက်နဲ့ သွား..ဘီဒိုပေါ်က ပန်ကာ ခလုပ်ကို လက်တံ မမှီမကန်းနဲ့  မော့ အနှိပ် မှာ..ဘယ်အချိန်က ပန်ကာ အုံမှာ လျပ်စစ်က ၀င်နေလည်းမသိပါဘူးဗျာ ရုတ်တရက် ကျင်တက်သွားပြီး....ညာလက် ပန်ကာ ခလုပ်အုံကို ဆုပ်မိရက်သား ဖြစ်နေတာလူအားနဲ့  ဆွဲဖြုတ်တာမရဘူး ဒါနဲ့  ..လွတ်နေတဲ့ ဘယ်လက် မြှောက်ပြီး လက်၂ဖက်နဲ့ ကိုင်ဆွဲ ဖြုတ်ဖို့ ကြိုးစားတာ လက်၂ဖက်လုံး ဆုတ်ရက်သားကြီး ဖြစ်နေသဗျ..(ဒါကို အိမ်မီးဆိုတာဆွဲအားတဲ့  နောက်တော့ ပြောသေးတာ..တကယ်က လက်ဖျားကွေး သွားလို့ ဆုတ်ထားမိသလိုဖြစ်တာ).. အဲဒီလို ဓါတ်လိုက်ပြီးတစ်ယောက်ထည်း ကိစ္စဖြစ်နေတာ ပါတ်ဝန်းကျင်ကလူတွေမသိဘူးလေ စကားပြောတောင်မပျက်ဘူး...အဲဒိမှာ ကို့ ကိုယ်ပေါ်မှာ လျပ်စစ်ဓါတ်က ခြေဖ၀ါးကနေ တဖြည်းဖြည်း ကျင်လိုက်လာပြီး အပေါ်ကိုတက်လာတာ သိနေသဗျ..ငါတော့ သေတော့ မယ်ဆိုပြီး အနားက အာလူးပေးနေတဲ့ ..အဖွားကို ငယ်သံ ပါအောင်အော်လိုက်တော့ (နောက်မှ ပြန်ပြောပြတာက အသံ ပြာပြာလေးတိုးတိုးလေးတဲ့ )အဖွားက ကြားသွားပုံရတယ် ထလာပြီး ဘာဖြစ်တာလဲဆိုပြီးဝင် ဆွဲတာ သူပါ ဆက်လိုက်နေပါရော ............ ။ပြီးသေးဘူးဗျ အပြင်က ပြန်လာတဲ့ ညီမ လေးက ပုံမှန်ဘဲ အဖွားရေ ဆိုပြီး နောက်ကနေ ၀င်ဖက်တော့ ....ဟဲဟဲ ၃ယောက်သား ဘီဒိုရှေ့  တန်းလန်းကြီးပေါ့ .... အဲဒီမှာ.....နောက်ဖေးက အမ လုပ်သူကမြေးအဖွားတွေ တစ်သီကြီး ဖြစ်နေကြ ပုံကို လှမ်းမြင်ဓါတ်ပေါက်သွားလို့  မိန်းခလုပ်ကို ပြေးပြီးဆွဲ ချ လိုက်မှ ၀ုန်း ဆို ၃ယောက်သား စောင့် ကန်လိုက်သလို လွင့် ထွက်သွားသဗျ (အမှန်က ၃ယောက်လူ ဆွဲအားက လျပ်စစ်ကို ဖြတ်ချလိုက်လို့ ကိုယ့် အားနဲ့ ကိုယ်အရှိန်လွန် ပြီး ကန် ထွက်လာသလိုဖြစ်တာ)။ စောစော ကခြေထောက်ကနေ ပေါင်လယ်လောက်အထိတက်လာတဲ့ ကျင်နေတဲ့  လျပ်စစ်က အဖွား လာဆွဲတဲ့ အချိန်မှာ ဆက်မတက်တော့ ဘဲရပ်သွားသဗျ နောက်လူ နောက်လူ ဆီ ဓါတ်ကူးသွားလို့ ရှေ့ ဆုံးကကျနော်ကသက်သာသွားပုံရသဗျ.......ဒီလို..မြေအဖွား၃ယောက်တန်းလန်းကြီး အတွဲလိုက်ဓါတ်လိုက်နေတာဟာ မီးနစ်အများကြီးမကြာပါဘူးတဲ့  ကိုယ်ကသာအကြာကြီးထင်နေတာလေ...ပထမ ပန်ကာအုံကို စကုတ်မိတဲ့ လက်ဖ၀ါးကတော့ .. အရေပြားရဲပြီးဖေါင်းလာတယ်ဗျ လူလည် အသားတွေက တဆပ်ဆပ်နဲ့ တုံနေတယ်...လူများ သေနေ့ မစေ့ သေးရင် ကြံဖန်လွတ်လာတတ်တာဘဲဗျ...အတော်ကြီးတဲ့ အထိ လျပ်စစ်ကို သွေးတော်တော်လန့် နေခဲ့ သေးတယ်...။ပြောချင်တာက ဓါတ်စလိုက်တဲ့ အချိန်ကစပြီး လွတ်တဲ့ အထိ သတိလစ်မသွားဘဲအားလုံးကိုသိနေတဲ့ ကြောင်းပါဘဲဗျာ..တစ်ခါကအတွေ့ အကြုံလေးပေါ့ .။ (နေ့ ခင်းကြီးဓါတ်အားက ၂၂၀မပြည့် လို့ လည်း ချက်ချင်း ပွဲခြင်းမပြီးတာလည်းနေမှာပေါ့ နော်)....။ အဖွားတို့ ညီမလေးတို့ ကတော့  လဲလို့ နာတာကလွဲဒဏ်ရာမရပါဘူး...သူတို့ လည်း လျပ်စစ်ဆို အသေလန့်  သွားတာဘဲဗျ...(ငပွေးတစ်ယောက်ဆက်ရှင်စေသတည်းပေါ့ ဟဲဟဲဟဲ)...နောက်သင်ခန်းစာက ခလေးတွေရှင်ပြုခါနီးရင်တကယ့် ကို သတိထားသင့် တယ်ဆိုတာပါဘဲဗျာ......... ဖေ့စ်ဘုတ်မှ- ဗွီဒီယိုဖိုင်ဆက်လက်ကြည့် ရန်

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်