သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 24 May 2013

---ခွေးအား မောင်းထုတ်ရာမှ လူသတ်မှုဖြစ်


နေပြည်တော်၊ မေ ၂၄
၂၃-၅-၂၀၁၃ ရက်နေ့ ၁၅၄၀ အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကံသာအုပ်စု၊ ချောင်းခုံရွာနေ ဒေါ်ခင်ရီ(၅၀)နှစ်သည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ မကော်နီဆိုသူ ရောက်ရှိ လာပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမောင်မြင့်(ခ)ဦးတင်မြင့်(၅၆)နှစ်အား ရွာလယ်တွင် ၀ိုင်းဝန်းရိုက်နှက်နေကြောင်း ပြောဆိုသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ
 
 ဦးမောင်မြင့်မှာ သွေးများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ စုံစမ်းမေးမြန်းချက်အရ ထိုနေ့ ၁၅၃၀ အချိန် ဦးမောင်မြင့်(ခ)ဦးတင်မြင့်သည် တောမှလှည်းဖြင့်ပြန်လာစဉ် တစ်ရွာတည်းနေ ဦးသိန်းမောင်(၅၂)နှစ်၏နေအိမ်ရှေ့အရောက် ဦးမောင်မြင့်နှင့်အတူပါလာသောခွေးမှာ ဦးသိန်းမောင်၏နေအိမ်အတွင်းသို့ ၀င်ရောက်သွားသဖြင့် ဦးသိန်းမောင်နှင့် သားဖြစ်သူမြင့်ဝေ(၂၄)နှစ်တို့က ခွေးအား နေအိမ်ဝိုင်းအတွင်းမှမောင်းထုတ်ခဲ့ကြောင်း၊ ထိုသို့မောင်းထုတ်စဉ် ဦးမောင်မြင့်နှင့် စကားများရန်ဖြစ်ရာမှ ဦးမောင်မြင့်၌ပါလာသည့် ကိုင်းခုတ်ဓါးမအား ဦးသိန်းမောင်တို့သားအဖက လုယူကာ ဦးမောင်မြင့်အားခုတ်သဖြင့် လက်ခုံပြတ်ရှ၊ ၀ဲလက်ကောက်ဝတ် အရိုးပြတ်၊ ယာလက်ကောက်ဝတ်ပြတ်ရှ၊ ယာလက်ဖျံရိုးပြတ်ရှ၊ ဦးခေါင်းထိပ်တည့်တည့်ပြတ်ရှ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရသဖြင့် ဦးသိန်းမောင်နှင့် မြင့်ဝေ တို့အား လယ်ဝေးမြို့မရဲစခန်း(ပ)၁၄၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(Source: မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဇာနည် facebook
https://www.facebook.com/pages/ရဲဇာနည်/463287083724096)

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်