သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 23 May 2013

ခွင့်ပြုချက်မတောင်းဘဲစီတန်းလှည့်လည်သူများအားအရေးယူ



၂၃.၅.၂၀၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နော်အုန်းလှ ဦးဆောင်ပါဝင်သောအဖွဲ့သည်ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေအတိုင်းခွင့်ပြုမိန့်တင်ပြ တောင်းခံ လာခြင်းမရှိဘဲ ဒီမိုကရေစီလမ်းကြောင်းကိုသွေဖီ၍ မိမိတို့ဆန္ဒ
သဘောအလျောက်စီတန်းလှည့်လည်ခဲ့ကြရာသက်ဆိုင်ရာ

မြို့နယ်ရဲတပ်ဖွဲ့မှူးများက စီတန်းလှည့်လည်ခွင့်တရားဝင်ခွင့်ပြု
ချက် တောင်းခံရန်ပြောသည့်အပေါ် လိုက်နာခြင်းမရှိခဲ့ရုံမျှမက ၎င်းတို့စီတန်းလှည့်လည်နေစဉ် တားဆီးသည့် အချိန်၌လည်း လူစုခွဲခြင်းမရှိခဲ့သောကြောင့် ၎င်းတို့အား ငြိမ်းချမ်းစွာစုဝေးခွင့်နှင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ အရအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အချို့သောပြည်သူများက မိမိတို့နိုင်ငံတွင်တရားဥပေ
စိုးမိုးမှုမရှိကြောင်းပြောဆိုဝေဖန်မှုများရှိနေရာယခုကဲ့သို့
နိုင်ငံတော်မှ ပြဌာန်းထားသည့်ဥပဒေပါလုပ်ထုံးလုပ်နည်းများ
အတိုင်း ဆောင်ရွက်မှုမပြုခြင်း သည် တရားဥပဒေစိုးမိုးရေး
ပျက်ပြားအောင်လုပ်ဆောင်နေသည့်သဘောသက်ဝင်နေသဖြင့်
အေးချမ်းစွာနေထိုင်လိုသောတရားဥပဒေစိုးမိုးရေးကိုလိုလား
သောပြည်သူများအတွက်အနှောက်အယှက်ဖြစ်နေသည်ကို
တွေ့ရှိရသည်။ထိုကဲ့သို့ နိုင်ငံတော်မှ ထုတ်ပြန်ပြဌာန်းထား
သည့် ဥပဒေများကို လေးစားလိုက်နာမှုမရှိခြင်းသည် စစ်မှန်သော
ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်နေ ခြင်းကိုနှောင့်နှေးမှုဖြစ်ေ
သည့်အတွက်စည်းကမ်းပြည့်ဝသောဒီမိုကရေစီဖေါ်ဆောင်နေမှု
အပေါ် ပြည်သူများအနေဖြင့် ဥပဒေပါအတိုင်းစည်းကမ်းရှိရှ
စနစ်တကျလိုက်နာဆောင်ရွက်ကြစေလိုကြောင်း
သက်ဆိုင်ရာမှသတင်းရရှိသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်