သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 23 May 2013

---မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်ရော့ခ်-ဆစ်ခ်ကို စစ်ဦးစီးချုပ်အဖြစ် ကင်ဂျုံအွန် ခန့်အပ်ခဲ့ ---

မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်ရော့ခ်-ဆစ်ခ်ကို စစ်ဦးစီးချုပ်အဖြစ် ကင်ဂျုံအွန် ခန့်အပ်ခဲ့
ဆိုးလ်   မေ    ၂၃
မြောက်ကိုရီးယား အစိုးရသည် ကာကွယ်ရေး ဝန်ကြီး ကင်ရော့ခ်-ဆစ်ခ်ကို ကိုရီးယား ပြည်သူ့ တပ်မတော်၏ စစ်ဦးစီးချုပ် အဖြစ် ခန့်အပ် ခဲ့ကြောင်း  နိုင်ငံပိုင် မီဒီယာ တစ်ခုက မေ ၂၂ ရက်တွင်
သတင်း ထုတ်ပြန် ခဲ့သည်။

မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ၎င်းအား ကာကွယ်ရေး ဝန်ကြီး အဖြစ် ခန့်အပ်ပြီး တစ်လခန့် အကြာတွင် ယခုကဲ့သို့ စစ်ဦးစီးချုပ် အဖြစ် ခန့်အပ် ခဲ့ခြင်း ဖြစ်သည်။
 မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် ၂ဝ၁၁ ခုနှစ်က အာဏာ ရယူပြီးသည့် အချိန်မှ စ၍ ၎င်း၏ ဦးဆောင်မှု ခိုင်မြဲရန်   ကြိုးပမ်းမှု တစ်ရပ် အဖြစ် စစ်ဘက် ဆိုင်ရာ ထိပ်တန်း ရာထူး များကို ပြန်လည် ဖွဲ့စည်း မှုများ လုပ်ဆောင်လျက် ရှိသည်။
အသက် ၇၅ နှစ် အရွယ် ရှိပြီဖြစ်သော ကင်ရော့ခ်- ဆစ်ခ်သည် မြောက်ကိုရီးယား ကြည်းတပ်ဖွဲ့ တစ်ဖွဲ့ကို အုပ်ချုပ် ခဲ့စဉ် ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလက တောင်ကိုရီးယား နယ်စပ်ရှိ ယုံပြုံကျွန်းကို အမြောက် များဖြင့် ပစ်ခတ်ရန်   အမိန့် ထုတ်ပြန် ခဲ့သူ တစ်ဦး ဖြစ်သည်။
(အင်တာနက်)

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်