သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 29 May 2013

၂၉-၅-၂၀၁၃ ရန်ကုန်တိုင်းပြည်သူ့ ရဲတပ်ဖွဲ့ မှဖမ်းဆီးမိသောသတင်းတိုများ။


ကော့မှူးမြို့နယ်တွင် ကျည်ဆံဟောင်းများတွေ့ရှိ

၂၉.၅.၂၀၁၃ ရက်နေ့ ၀၉၄၅ အချိန် ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာ၊ ငြမ်းကျောင်း ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် ဉာဏ်တော် ၁၇ ပေအမြင့်ရှိ စေတီတည်ထားရန် အတွက် စေတီ ဟောင်းနေရာအား အလုပ်သမားခေါင်း
ကိုအောင်မျိုးကျော်၊ (၂၆)နှစ်၊ (ဘ)ဦးစန်းဗိုလ်၊ ကွမ်းခြံကုန်း
မြို့နယ်နေသူပါ (၇)ဦးမှ မြေကြီးတူးဖော်စဉ် အုတ်ဟောင်းများကြားမှ
ဒဿမ ၃၀၃ ရိုင်ဖယ်ကျည်အဆွေး အမြေ့ ပုံစံမပျက် (၅၀)တောင့်၊ ထိပ်ဖူးမပါ (၃) တောင့်၊ ခြောက်လုံးပြူးကျည် အဆွေးအမြေ့
ပုံစံပျက် (၅)တောင့်တို့အားတွေ့ရှိခဲ့သဖြင့် ကော့မှူးမြို့မရဲစခန်းတွင် သိမ်းဆည်းထားရှိကြောင်း သတင်းရရှိပါသည်။
-------------------------------------------------------------
 
သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး

၂၈.၅.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန်သုံးခွမြို့နယ်၊
သာသာမြိုင်ကျေးရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ် မြောက်ဘက်
ပေ ၁၀၀ ခန့်အကွာ၊ ပေ ၁၀၀ ပတ်လည်ခန့်ရှိရေကန်အတွင်းမှ လက်နှင့် ခြေထောက်တို့အား နောက်ပြန်ကြိုးတုတ်လျက် အ၀တ်မပါအမျိုးသားအလောင်းတစ်လောင်း တွေ့ရှိကြောင်း
သတင်းအရ သုံးခွမြို့နယ်၊ ညောင်လန်းကုန်းရဲကင်းမှရဲတပ်ဖွဲ့ဝင်များမှ သက်သေများ နှင့်အတူ ၂၁၀၀ အချိန်တွင် အလောင်းအားဆယ်ယူ စစ်ဆေးရာ သေဆုံးသူမှာ ၂၆.၅.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်ခန့်ကပျောက်ဆုံးနေခဲ့သော ကိုသန့်ဇင်ဝင်းနှင့်အတူနေဖခင် ဦးလှတင်၊ ၅၀နှစ်၊(ဘ)ဦးဝင်း ဖြစ်ကြောင်းသိရှိရပြီး လည်ပင်းတွင်ညိုမဲဒဏ်ရာတွေ့ရှိရသဖြင့် ကိုသန့်ဇင်ဝင်းမှ အရေးယူပေးရန်တိုင်တန်းခဲ့ရာ သုံးခွမြို့မရဲစခန်းမှ အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေးအတွက် တိုင်း၊ခရိုင်အဖွဲ့များနှင့်ပူးပေါင်းစုံစမ်းဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိပါသည်။
-----------------------------------------------------
 
လသာမြို့နယ်တွင်အိမ်သုံးမီတာမီးလောင်

၂၈.၅.၂၀၁၃ ရက်နေ့ ၂၁၀၅ အချိန် လသာမြို့နယ်၊ (၈)ရပ်ကွက်၊ အမှတ်၆၁၂/၆၁၄၊ ၅လွှာ နေ ဒေါ်သန်းကြည်၏အိမ်သုံးမီတာမှာ အပူရှိန်လွန်ကဲပြီးရှော့ဖြစ်၍မီးလောင်ကျွမ်းခဲ့ရာ ၂၁၁၀ အချိန် မီးငြိမ်းသွားခဲ့ပြီး တန်ဘိုးကျပ် ၅ သောင်းခန့်ဆုံးရှုံးခဲ့ပါသည်။ အခင်းဖြစ်ရပ်သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနှင့်အဖွဲ့၊
မြို့နယ်လျှပ်စစ်ဌာနမှ အင်ဂျင်နီယာဦးကျော်သက်ဆန်းနှင့်အဖွဲ့ မြို့နယ်မီးသတ် တပ်ဖွဲ့တို့မှ ရောက်ရှိစစ်ဆေးခဲ့ပြီး ဒေါ်သန်းကြည်အား လသာမြို့မရဲစခန်းတွင်အရေးယူ ထားရှိကြောင်း သတင်း ရရှိပါသည်။
----------------------------------
သရုပ်ဆောင်ရဲတိုက်အား လူတစားကိုးကွယ်သည့် ဘာသာ/သာသနာစော်ကားမှုဖြင့် အရေးယူ

သရုပ်ဆောင်ရဲတိုက်သည် ၂၈.၅.၂၀၁၃ ရက်နေ့
နံနက် ၁၀၃၀ တွင်တစ်ကြိမ်၊ ၁၂၀၀ အချိန်တွင် တစ်ကြိမ်
၁၃၂၀ အချိန်တွင် တစ်ကြိမ်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ စိန်မေရီဘုရားကျောင်းသို့ ၃ ကြိမ်ဝင်ရောက်ပြီး ဘုရားစင်အားကျောခိုင်း၍ အော်ဟစ်ရှိခိုးခြင်း၊ မယ်တော်ဂူသို့ကျော်ခိုင်းပြီးရှိခိုးခြင်းများပြုလုပ်သဖြင့် ဦးရစ်ချက်
(ဘ) ဦးခင်မောင်ဦး ကရင်/ခရစ်ယာန် မှတရားလိုပြုလုပ်တိုင်တန်းခဲ့၍ ဗိုလ်တထောင်မြို့မရဲစခန်းမှ အရေးယူထားကြောင်းသတင်းရရှိပါသည်။
  
၂၈.၅.၂၀၁၃ ရက်နေ့တွင် ရန်ကုန်လူကုန်ကူးတပ်ဖွဲ့စုမှ
တပ်ဖွဲ့ဝင်များသည် စမ်းချောင်းမြို့နယ်၊ အမှတ် ၁၀၂၊ ဗဟိုလမ်း၊ စမ်းချောင်း(မြောက်)ရပ်ကွက်နေအိမ်တွင် စင်္ကာပူနိုင်ငံသို့ အိမ်အကူအလုပ်ဖြင့် လူပို့ဆောင်ရန် ဆောင်ရွက်နေကြောင်း အထက်ဌာန၏ချပြသတင်းအရ အိမ်ရှင်ဒေါ်ချယ်ရီ(ခ) ဒေါ်မြင့်မြင့်အေး(ခ)မမော်အား စိစစ်ရာ ၎င်း၏နေအိမ်တွင် မမိုးမိုးလှိုင်၊ မစုမွန်ထွေး၊ မခင်မိုး (ခ) မခင်မိုးမြင့်၊
မဖူးငုံ၊ မမြမြစိုး၊ မမြင့်မြင့်ခိုင်၊ မမြတ်မီမီဇင်၊ မနှင်းဝေကြူ(ခ)သင်းဝေကြူ၊ မနှင်းဝေေ၀ထွန်း(ခ)၊ နန်းစီလာ၊ မရွှေဇင်ဝင်း(ခ)မင်းမင်း၊
မသက်သက်ခိုင်၊ မဥမ္မာလင်းနှင့် မဥမ္မာတို့ (၁၃)ဦးအားတွေ့ရှိခဲ့ပါသည်။ ၎င်းအမျိုးသမီးငယ်များအား စင်္ကာပူနိုင်ငံတွင် အိမ်အကူအလုပ်လုပ်၍ လုပ်အားခအဖြစ် ၁ လလျှင် စင်္ကာပူဒေါ်လာ ၄၀၀ မှ ၄၅၀
(မြန်မာငွေ ၃ သိန်းကျပ် (သို့) ၃ သိန်းခွဲ) ရမည်ဖြစ်ကြောင်း ပို့ဆောင်ခအဖြစ် ၆လ/ ၇လ လစာဖြတ်ယူကာ ၂ နှစ်စာချုပ်ဖြင့် ပို့ဆောင် ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးစုစည်းထားရှိပြီး
နိုင်ငံကူးလက်မှတ်များ ဆောင်ရွက်ပေးကာ စင်္ကာပူနိုင်ငံရှိ
KCL ကုမ္ပဏီနှင့် ဆက်သွယ်ပို့ဆောင် ပေးရန် စီစဉ်လျက်ရှိသည်ကို စိစစ်တွေ့ရှိ 
ရသဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်မရှိဘဲ အမျိုးသမီးငယ်များအား အိမ်အကူအဖြစ်ပြည်ပသို့ ပို့ဆောင်ရန်ဆောင်ရွက်ခဲ့သူ့ ဒေါ်ချယ်ရီ(ခ)
 
 ဒေါ်မြင့်မြင့်အေး
(ခ)မမော်အား စမ်းချောင်းမြို့မရဲစခန်းတွင် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
 

 


 
 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်