သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 30 May 2013

Wi-Fi လှိုင်းများကြောင့် အပင်များကို သေဆုံးနိုင်ဟုဆို


 ဒိန်းမတ်၊ မေ ၂၇

ဒိန်းမတ်နိုင်ငံ ၉ တန်းကျောင်းသူအုပ်စုတစ်စုသည် Wi-Fi signal များဖြင့် အပင်များ သေဆုံးနိုင်ကြောင်း လက်တွေ့စမ်းသပ်ပြသပြီး ကမ္ဘာကိုအံ့သြသွားစေခဲ့ကြောင်း ဒိန်းမတ်နိုင်ငံ သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် DR တွင် ရေးသားဖော်ပြထားသည်။



ယာလာရပ် စခိုးလ်အထက်တန်းကျောင်းက ကျောင်းသူလေး ငါးဦးသည် ဆဲလ်ဖုန်းများကို ညအိပ်ချိန်တွင် ဦးခေါင်းအနီး ထားအိပ်ပါက နံနက်အိပ်ယာထချိန်တွင် စာကို အာရုံစိုက်နိုင်ရန် ခက်ခဲခြင်းအား လေ့လာတွေ့ရှိခဲ့ပြီး သုတေသနပြုခဲ့ကြ ခြင်းဖြစ်သည်။
ကြိုးမဲ့ဆက်သွယ်ရေးလှိုင်းများသည် ဦးနှော က်ကို မည်မျှထိခိုက်စေကြောင်း တိကျသည့် စမ်းသပ်တွေ့ရှိချက်များကို မရရှိ နိုင်သေးသော်လည်း ထိုမိန်းကလေးများသည် Wi-Fi router များကို အပင်များအနီးထားပြီး စောင့်ကြည့်လေ့လာခဲ့ရာက ထိပ်လန့်ဖွယ်ရာ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
သူတို့သည် ဟင်းခတ်အပင်မျိုးစေ့များထည့်ထားသည့် ဘန်း ခြောက်ဘန်းကို Wi-Fi ရသည့် router နှင့် နီးကပ်စွာထားပြီး အခန်းတစ်ခန်းတွင် ခွဲထားလိုက်သည်။ အခြား ခြောက်ဘန်းကို သာမန်ဖုန်းများထုတ်လွှင့်လေ့ရှိသည့် ရေဒီယိုသတ္တိကြွမှုနှုန်းအတိုင်း ပေးထားသည့် အခန်းအတွင်း၌ ထားခဲ့ကြသည်။

နောက် ၁၂ ရက်အကြာတွင် Wi-Fi မရသည့် အခန်းအတွင်းက ဘန်း ခြောက်ဘန်းမှ မျိုးစေ့များသည် ပုံမှန်အတိုင်း ကြီးထွား လာသော်လည်း၊ Wi-Fi ရသည့် အခန်းတွင်းရှိ မျိုးစေ့များသည် ပေါက်ပွားလာခြင်းမရှိကြောင်းကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် router အနီးတွင်ရှိသည့် အပင်မျိုးစေ့များသည် ညိုမည်းကာ သေဆုံးနေကြောင်းတွေ့ရှိကြသည်။

ထိုအဖြစ်အပျက်ကိုကြည့်ပြီး မိုဘိုင်းလ်ဖုန်းများအနီးတွင်ရှိခြင်းနှင့် Wi-Fi ပစ္စည်းများအနီးတွင်ရှိခြင်းတို့ကို ပြန်လည် စမ်းသပ်ရန်လိုလာကြောင်း ထိုကျောင်းက ဇီဝဗေဒနည်းပြဆရာ ကင် ဟော့စ်ဗတ်ကဆိုသည်။

ကျောင်းသူလေးများသည် အပင်များ၏ စိုးထိုင်းဆနှင့် အခြားအပူချိန်များကို ထိန်းသိမ်းပေးသော်လည်း Wi-Fi ၏ သက်ရောက်မှုအားသည် သက်ရှိဆဲလ်များကို ထိရောက်စေသည်မှာ အထင်အရှားဖြစ်သည်ဟု ဟော့စ်ဗတ်က ထောက်ပြ ထားသည်။

မောက္ခ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်