သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 20 March 2013

တုံကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်ထောက်ခံပွဲ ကျင်းပမည်


ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်ထောက်ခံပွဲတစ်ခု တုံကျေးရွာတွင် မကြာမီပြုလုပ် သွားမည်ဖြစ်ေ ကြာင်း ဒေသခံများထံမှ သတင်းရရှိသည်။
မတ်လ ၁၄ ရက်တွင် စုံစမ်း စစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌတုံကျေးရွာ သပိတ် စခန်းသို့ လာရောက်စဉ် ကြမ်း တမ်း စွာ ပြောဆိုဆက်ဆံခဲ့သော လူတစ်စုကြောင့် ကျေးရွာ နာမည်ပျက်မည်ကို စိုးရိမ်သဖြင့်ပြု လုပ် ရခြင်းဖြစ် သည်ဟု ဒေသခံများက ပြောသည်။
“မကြာမီ နှစ်ရက်၊ သုံးရက်အတွင်းလုပ်ဖို့ စီစဉ်နေတယ်။ လူနည်းစုတစ်စုကြောင့် နာမည်ပျက်မှာစိုးလို့ပါ” ဟု တုံရွာဒေ သခံတစ်ဦးက ပြောသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာထွက်ရှိပြီးနောက် ယင်းစီမံ ကိန်းဒေ သ သို့ သွားရောက်ခဲ့သော နှစ်ရက်ကြာ ခရီးစဉ်တွင် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်၏ ရှင်းလင်းချက်များကို ဒေသခံကျေးရွာအများစုက သဘော တူကျေနပ်ကြသော် လည်း တုံရွာနှင့် ဆည်တည်းရွာဟောင်းတို့၌ ကန့်ကွက် ဆန္ဒပြမှုများ၊ ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှု များနှ င့် ကြုံေ တွ့ ခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် လိပ်ခွံတောင်၊ တုံကျေးရွာများတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများကိုလည်း မတ်လ ၁၆ ရက်မှ စ တင် ၍ ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
“အမေစု လာတုန်းက ပြောသွားတယ်။ ဆန္ဒပြချင်ရင် ခွင့်ပြုချက်တောင်းပြီး ပြပါလို့။ အခု ဥပဒေကို လေးစား လိုက် နာ တဲ့ အနေနဲ့ ဖျက်သိမ်းလိုက်တာ” ဟု တုံကျေးရွာဒေသခံတစ်ဦးက ပြောသည်။
“စီတန်းလှည့်လည်ခွင့်ဆိုတာ ဥပဒေဘောင်အတွင်းက ခွင့်ပြုချက်ရယူရမယ်။ သူတို့က ပြောတယ်။ ခွင့်ပြု ချက် မပေးဘူးတဲ့။ ဘယ်တုန်းကတောင်းလဲဆိုတော့ နောက်ဆုံးပြီးခဲ့တဲ့ ဆယ်လပိုင်းကတဲ့။ အခု အာဏာ ပိုင်တွေ နဲ့ ပြောတော့ပေးပါမယ်လို့ ပြောတယ်။ ခွင့်ပြုချက်ယူပြီးတော့ ပြပါ။ ခွင့်ပြုချက်မယူလို့ရှိရင်တော့ ဥ ပေ ဒဘောင် အတွင်းက လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က မုံရွာ ခရီး စဉ် အတွင်း ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာကို မတ် ၁၁ ရက်တွင် သမ္မတထံ တင်သွင်းခဲ့ပြီး အားနည်းချက်များကိုပြင်ဆင်၍ ကြေးနီစီမံကိန်းကို ဆက်လက် အကောင် အ ထည်ေ ဖာ် သင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။
7 Day News

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်