သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 30 March 2013

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေသစ် ယန်းငွေ ၅၁ ဒသမ ၀၅၂ ဘီလီယံပေးရန် ကတိပြု

  
  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတ်ာနျူမာတာက လုပ်ငန်းစီမံကိန်း သုံးခုအတွက် တရားဝင် ဖွံ့ဖြိုးမှု အကူအညီချေးငွေ ဂျပန်ယန်းငွေ ၅၁ ဒသမ ၀၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၃၇ သန်းခန့်) အား မြန်မာနိုင်ငံသို့ ထောက်ပံ့ကူညီရန် ဂျပန်အစိုးရက ဆုံးဖြတ်ထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကို မတ်လ ၂၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ လုပ်ငန်းစီမံကိန်းသုံးခုမှာ 


ဆင်းရဲနွမ်းပါးမှု လျှော့ချရန် ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဂျပန်ယန်းငွေ ၁၇ ဒသမ သုည ဘီလီယံဖြစ်ပြီး ယင်းစီမံကိန်းတွင် ဒေသဆိုင်ရာ အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီးနှင့် ရေရှိရေး စီမံကိန်းများ ဆောင်ရွက်ရန်နှင့် ပြန်လည် ပြုပြင်ရန် ပါဝင်သည်။ ဒုတိယစီမံကိန်းမှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်ရေးနှင့် အဆင့်မြှင့်တင်ရေး စီမံကိန်းဖြစ်ပြီး ယင်းစီမံကိန်းအတွက် ဂျပန်ယန်းငွေ ၁၄ ဒသမ ၀၅၂ ဘီလီယံဖြစ်သည်။ အဆိုပါ စီမံကိန်းတွင် ရန်ကုန်မြို့ပြ ဧရိယာအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး စီမံကိန်းများ ပါဝင်သည်။ တတိယစီမံကိန်းမှာ သီလ၀ါဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်မှု ဆောက်လုပ်ရေး စီမံကိန်းဖြစ်ပြီး ယင်းစီမံကိန်းအတွက် ဂျပန်ယန်းငွေ ၂၀ ဒသမ သုည ဘီလီယံဖြစ်သည်။ အဆိုပါ စီမံကိန်းတွင် ဆိပ်ကမ်းအဆင့်မြှင့်တင်ရေး၊ ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ပါဝင်သည်။ အဆိုပါ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ ချေးငွေများအတက် အထူးအခွင့်အရေး တစ်ရပ်အနေဖြင့် နှစ်စဉ်အတိုးနှုန်းမှာ သုည ဒသမ ၀၁ ရာခိုင်နှုန်းသာဖြစ်ပြီး ပြန်လည်ပေးချေရမည့် ကာလကို နှစ် ၄၀ သတ်မှတ်ထားသည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဆင်းရဲမှုလျှော့ချရေးတို့အတွက် တရားဝင်ဖွံ့ဖြိုးမှု အကူအညီများ ထပ်မံပေးသွားမည်ဟု သိရသည်။ (ကြေးမုံ)                                                                                             

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်