သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 22 March 2013

မိတ္ထီလာ မှ သေဆုံးသူ ၂၀ ကျော် | အိမ်ရာ နဲ့  ချီ မီးရှို့ ဖျက်ဆီးခံရ | သုံးရက်မြောက် နေ့ မှ အခြေအနေ ပိုဆိုးလာ

598816_466854900049624_599144706_n

တတိယ မြောက် နေ့  မှာ တော့ မိတ္ထီလာ မြို့  မငြိမ်သက် မှု ဟာ တာဝန် ကျ ရဲတပ်ဖွဲ့ 
ဝင် တွေ နဲ့  ထိမ်းလို့  မရတော့ ဘဲ အခြေ အနေ ပိုဆိုးလာ တယ် လို့  မိတ္ထီလာ မြို့  ခံ
တစ်ဦး က ပြောပါတယ်။ ဘယ်က မှန်း မသိ တဲ့ ဘုန်းကြီး တွေ က လူ အုပ် စု တစ်စု
နဲ့  အတူ ဓါးတွေ တ၀င့် ၀င့် နဲ့  မို့  နာမည် နဲ့  အလုပ် အကိုင် ကို မပြော ရဲ ပါ ကြောင်း
ရန်ကုန် က လာတဲ့ သတင်း ထောက် အုပ်စု ကို လည်း ဖမ်းထား ပါ ကြောင်း သူ က
ဆက် ပြောပါတယ်။


နန်းတော် ရာ ရပ် ကွက် မှာ လည်း မီးတွေ လောင်နေတယ် ၊ ချမ်းအေး ဘက်မှာ
လည်း မီးတွေ လောင် နေတယ်။ ရဲက ပိတ်မိနေတဲ့ မွတ် ဆလင် တွေ ကို တောင်
မကယ် နိုင်သေး ဘူး၊  လမ်းတွေ မှာ မီး ကျွမ်းနေတဲ့ အလောင်း တွေ တော့ တွေ့ 
တယ်။ ဘယ်လောက် သေပြီ လဲ မပြောတတ် သေး ဘူး ၊ ဒီနေ့  တင် တွေ့ ရတဲ့
အလောင်း က ရှစ်လောင်း လောက် ရှိတယ် လို့  သူ က တယ်လီ ဖုန်း နဲ့  FNG
ကို ပြောပါတယ်။
အခြား မိတ္ထီ လာ မြို့ ခံ တစ်ဦး ကတော့ အဲဒီ ဘုန်းကြီး အဖွဲ့  က ဗလီ တွေ ကို မဖျက်
ပေး ရင် ရပ် ကွက် ကို မီး နဲ့  ရှို့  မယ် ဆို လို့  ဖျက် ပေး နေရတယ် ဗျ လို့  FNG ကို
ပြောပါတယ်။
မတ်လ ၂၀ ရက်နေ့  က စတဲ့ ဘာသာရေး ၊ လူ မျိုး ရေး ဆန် တဲ့ ပဋိပက္ခကြောင့်
အဆောက် အဦ ၁၀၀ ထက် မနည်း မီး ရှို့ ဖျက်ဆီးခံ ခဲ့ ရပါတယ်။
မိတ္ထီလာ ဘောလုံး ကွင်းထဲ မှာ ခိုလှုံ နေတဲ့ မွတ် ဆလင် တွေ ကို ဒေသခံ ကူညီ
ကယ်ဆယ် ရေး အဖွဲ့  တွေ ၊ အစိုးရ တာဝန် ရှိ သူ တွေ နဲ့  နယ်ဝေး က လာကြတဲ့
ကူညီရေး အဖွဲ့  တွေ က စောင့်ရှောက်ထားကြပါတယ်။
 by FNG on March 22, 2013

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်